တရုတ်တွင် ပေါက်ကွဲမှုတစ်ရပ်ကြောင့် အဆောက်အအုံများ ပျက်စီးပြိုကျကာ သေဆုံးသူ ဆယ်ဦးရှိလာပြီး ၁၅၀ ကျော်အထိ ဒဏ်ရာရ

တရုတ်တွင် ပေါက်ကွဲမှုတစ်ရပ်ကြောင့် အဆောက်အအုံများ ပျက်စီးပြိုကျကာ သေဆုံးသူ ဆယ်ဦးရှိလာပြီး ၁၅၀ ကျော်အထိ ဒဏ်ရာရ

ပေကျင်း၊ အောက်တိုဘာ ၂၅ ။         ။ တရုတ်နိုင်ငံ ယုလင်းမြို့တွင် အဆောက်အအုံများ ပျက်စီးခဲ့သည့် ပေါက်ကွဲမှုကြီးတစ်ရပ်တွင် သေဆုံးသူဦးရေ ထပ်တိုးကာ ဆယ်ဦးအထိ ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူက ၁၅၀ ကျော်ထက်မနည်း ရှိနေသည်။

လမ်းများပေါ် အုတ်ကျိုးအုတ်ပဲ့များ ပျံ့နှံ့နေပြီး ချိုင့်ကြီးတစ်ခုလည်း ဖြစ်ပေါ်ကာ ပျက်စီးမှု တော်တော်များပြားသည်ကို သတင်းဓာတ်ပုံများတွင် မြင်တွေ့ရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ အောက်တိုဘာ ၂၄ ရက် နေ့လည့်ပိုင်းက ဆေးရုံတစ်ရုံအနီးတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ပေါက်ကွဲစေတတ်သော ပစ္စည်းများ တရားမဝင် သိုလှောင်ထားမှုမှ ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် အနီးရှိ ဆေးရုံလည်း ပျက်စီးကာ လူနေအဆောက်အအုံများလည်း ပျက်စီးခဲ့ရသည်။

ပျက်စီးပြိုကျသည့် အဆောက်အအုံများအောက် ပိတ်မိနေသူများ ရှိနိုင်၍ မီးသတ်အင်အား ၇၀ ကျော်ထက်မနည်း စေလွှတ်ထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required