အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူ သြစတြေးလျသက်ကြားအိုကို အင်ဒိုတရားရုံးက ထောင် ၁၅ နှစ်ချ

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူ သြစတြေးလျသက်ကြားအိုကို အင်ဒိုတရားရုံးက ထောင် ၁၅ နှစ်ချ
ဓာတ်ပုံ- EFE EPA

အောက်တိုဘာ ၂၅ ။              ။ ဘာလီကျွန်းနေ အရွယ်မရောက်သေးသူ မိန်းကလေးငယ်လေးများအား လိင်ပိုင်းဆိုင်ရာ ဗလက္ကာရပြုလုပ်ထားခဲ့သည့် အသက် ၇၀ အရွယ် သြစတြေးလျသက်ကြားအိုတစ်ဦးကို အင်ဒိုနီးရှားတရားရုံးက ထောင် ၁၅ နှစ်ချမှတ်လိုက်သည်။

ရောဘတ် အန်ဒရူးအီလစ်ဆိုသူမှာ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်တို့တွင်း အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၁ ဦးထိကို လိင်ပိုင်းဆိုင်ရာ  ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ဇန်နဝါရီလက ဖမ်းဆီးခံခဲ့ရပြီး နောက် ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ၎င်းအား ထောင်ဒဏ် ၁၅ နှစ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ ရူပီးယား ၂ ဘီလီယံ (ဒေါ်လာ ၁၅၃,၀၀၀ ခန့်) ပေးဆောင်ရန် သို့မဟုတ် ထပ်တိုးထောင်ခြောက်လ ကျခံရန်လည်း ချမှတ်ခဲ့သည်။

တရားရုံးတွင် ကြားနာနေချိန်တွင်မူ အီလစ်မှာ ငြိမ်သက်စွာ ထိုင်နေခဲ့ကြောင်း သိရသည်။

သို့သော် ယခု စီရင်ချက်ကို ကန့်ကွက်သွားမည်ဖြစ်ပြီး အယူခံဝင်သွားမည်ဖြစ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly