လူလေးဦးသေဆုံးခဲ့သည့် အပန်းဖြေဥယျာဉ် မတော်တဆမှုဖြစ်စဉ်ကို သြစတြေးလျအာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

လူလေးဦးသေဆုံးခဲ့သည့် အပန်းဖြေဥယျာဉ် မတော်တဆမှုဖြစ်စဉ်ကို သြစတြေးလျအာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

အောက်တိုဘာ ၂၅ ။             ။ သြစတြေးလျနိုင်ငံအရှေ့ဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် အပန်းဖြေဥယျာဉ်တစ်ခုအတွင်း အောက်တိုဘာ ၂၅ ရက်က အပျော်စီးဖောင်တစ်စီး မတော်တဆ တိမ်းမှောက်မှုဖြစ်ပွား၍ လိုက်ပါစီးနင်းသူ လေးဦးထိ သေဆုံးသွားခဲ့ရသည်။

ယင်းအပျော်စီးယာဉ်မှာ ရေထဲတွင် တိမ်းမှောက်သွားခဲ့ကာ အမျိုးသားနှစ်ဦး၊အမျိုးသမီး နှစ်ဦးတို့ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အပန်းဖြေဥယျာဉ်အတွင်းရှိ Thunder River Rapids ride ခေါ် အပျော်စီးယာဉ်စီးနင်းမှုတွင် လိုက်ပါစီးနင်းသူများကို ရေစီးသန်သော လူလုပ်မြစ်အတုတစ်ခုထဲတွင် အဝိုင်းပုံစံ အပျော်စီး ဖောင်များဖြင့် လိုက်ပါစီးနင်းစေခြင်းဖြစ်သည်။

ယင်း ယာဉ်တစ်စီးတွင် အများဆုံး လူခြောက်ဦးထိ လိုက်ပါစီးနင်းနိုင်ပြီး ယခုမတော်တဆမှုတွင် ယာဉ်တစ်စီးမှာ စက်ချို့ယွင်းပြီး လူနှစ်ဦး ရေထဲသို့ လွင့်စင်ထွက်ကျသွားကာ အခြားနှစ်ဦးမှာလည်း ယာဉ်အတွင်း ညပ်မိသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ရေထဲကျသွားသူများအား အချိန်မီကယ်တင်နိုင်ရန် ရေများကို ဖောက်ထုတ်စစ်ယူခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုအခါ ယင်းအပန်းဖြေဥယျာဉ်ကို ပိတ်ထားလိုက်ပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required