အမေရိကန်နှင့် ချုပ်ထားသည့် စစ်ရေးသဘောတူညီချက် စာချုပ်များကို အဆုံးသတ်လိုနေပြီဟု ဖိလစ်ပိုင်သမ္မတ ထပ်လောင်းပြောကြား

အမေရိကန်နှင့် ချုပ်ထားသည့် စစ်ရေးသဘောတူညီချက် စာချုပ်များကို အဆုံးသတ်လိုနေပြီဟု ဖိလစ်ပိုင်သမ္မတ ထပ်လောင်းပြောကြား

အောက်တိုဘာ ၂၅ ။               ။ ၂၀၁၄ ခုနှစ်က အမေရိကန်နှင့်ဖိလစ်ပိုင်အကြား ချုပ်ဆိုထားသည့် စစ်ရေးပိုင်း သဘောတူညီချက်များကို ယခုအချိန်တွင် အဆုံးသတ် လိုက်ချင်နေပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အောက်တိုဘာ ၂၅ ရက်က ပြောကြားသွားပြန်သည်။

သမ္မတ ဒူတာတေး၏ ပြောကြားမှုသည် အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်အတွင်း ဖိလစ်ပိုင်နယ်မြေပေါ်တွင် အမေရိကန်စစ်သင်္ဘောများ ရှိနေခြင်းအပေါ် တိုက်ရိုက်ရည်ညွန်းလိုက်ခြင်းလည်း   ဖြစ်သည်။

ဂျပန်နိုင်ငံသို့ သုံးရက်တာအလည်အပတ်ခရီး မထွက်ခွာမီ ပြောကြားရာတွင် ဒူတာတေးက " ခင်ဗျားမှာ EDCA (အဆင့်မြင့် ကာကွယ်ရေးပူးပေါင်းစာချုပ်)အကြောင်း ပြောဖို့ရှိနေရင် အဲဒါကို   မေ့လိုက်ပါတော့၊ တစ်နေ့နေ့ရောက်ရင် ကျွန်တော်ကတော့ ကျွန်တော့်နိုင်ငံမှာ ဖိလစ်ပိုင်တပ်ကလွဲလို့ ဘယ်စစ်ဘက်အုပ်စုကိုမှ မြင်ချင်စိတ်ရှိတော့မှာမဟုတ်ဘူးထင်ပါတယ်၊ အဲဒီလို ဖြစ်မယ့် အချိန်ရောက်ဖို့လည်း ကျွန်တော်မျှော်လင့်နေပါတယ်" ဟု ပြောသွားသည်။

သမ္မတဒူတာတေး၏ အထက်ပါပြောကြားမှုမတိုင်ခင် အောက်တိုဘာ ၂၄ ရက်တွင်မူ အမေရိကန်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုဝန်ကြီး ဒယ်နီယယ် ရက်ဆဲလ်က ဖိလစ်ပိုင်သမ္မတ၏   ပြောဆိုနေမှု များသည် အမေရိကန်နှင့် အခြားနိုင်ငံများကို စိုးရိမ်စေလျက်ရှိကြောင်း ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required