ဒီမီလိုဗာတို နဲ့ ဂျွန်မေယာတို့ တွဲနေကြောင်း သတင်းများ ထွက်ပေါ်

ဒီမီလိုဗာတို နဲ့ ဂျွန်မေယာတို့ တွဲနေကြောင်း သတင်းများ ထွက်ပေါ်

နယူးယော့ခ် ၊ အောက်တိုဘာ၂၅ ။               ။ အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဒီမီလိုဗာတို နှင့် အဆိုတော် သီချင်းရေးဆရာ ဂျွန်မေယာတို့ နှစ်ဦးကို ယခုသီတင်းပတ်ကုန်က လော့စ်အိန်ဂျလိစ်မြို့ရှိ Catch စားသောက်ဆိုင်တွင် အတူတွေ့ ရှိခဲ့ကြောင်း Us Weekly တွင် ဖော်ပြထားသည်။

ဒီမီနှင့် ဂျွန်မေယာတို့သည် စားသောက်ဆိုင်ကို ရောက်ရှိလာခဲ့ပြီး စားသောက်ဆိုင်မှ သီခြားစီ ထွက်လာသော်လည်း ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးသည် အဆင်ပြေပုံရကြောင်း နှင့် နှစ်ဦးသားသည် တစ်နာရီကျော်ကြာ စကားများ ပြောကြားခဲ့ကြကြောင်း သတင်းအရင်းမြစ်များက  Us Weekly  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

“ ဂျွန်က ဒီမီကို ဖက်ထားတယ်။ ပြီးတော့ ဂျွန်က ဒီမီနားကပ်ပြီး စကားတိုးတိုးလေးပြောတယ်။ ဒီမီဟာ တစ်ချိန်လုံး ရယ်မောနေတယ် ”ဟု အတွင်းလူတစ်ဦးက ပြောကြားသည်။

ဒီမီလိုဗာတိုနှင့် ဂျွန်မေယာတို့သည် ၂၀၀၉ ခုနှစ်က တေးဂီတကို အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း နှင့် ဂျွန်မေယာသည် လိုဗာတို၏ တေးသီချင်း “La La Land” ကို တွစ်တာပေါ်တွင် ချီးကျူးခဲ့သည်။

“ ဂျွန်မေယာက ကျွန်မအပေါ် အရမ်းလွှမ်းမိုးတဲ့ သူတစ်ယောက်ပါ။ သူရဲ့ သီချင်းရေးသားမှုတွေကို ကျွန်မအရမ်းအားကျမိပါတယ်။”ဟု ဒီမီလိုဗာတို့ MTV News နှင့် ပြုလုပ်သော အင်တာဗျူးတွင်   ပြောကြားခဲ့သည်။

ဒီမီလိုဗာတိုသည် မင်းသား ဝဲလ်မာဗာလ်ဒါရာမာ နှင့် လမ်းခွဲပြီးနောက် ငါးလခန့်အကြာတွင် ဂျွန်မေယာနှင့် တွဲနေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒီမီလိုဗာတို နှင့် ဝဲလ်မာဗာလ်ဒါရာမာတို့ နှစ်ဦးသည် ခြောက်နှစ်ကြာ တွဲခဲ့ပြီးနောက် ဇွန်လက လမ်းခွဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly