ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ခါတင် ၃၀ စာရင်းတွင် အင်္ဂလိပ်ကစားသမား တစ်ဦးသာ ပါ၀င်

ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ခါတင် ၃၀ စာရင်းတွင် အင်္ဂလိပ်ကစားသမား တစ်ဦးသာ ပါ၀င်

အောက်တိုဘာ ၂၅ ။            ။ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမား ဆန်ခါတင် ၃၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ အင်္ဂလိပ်ကစားသမား တစ်ဦးသာ ပါဝင်ခဲ့သည်။

လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီသည် ပြီးခဲ့သည့်ရာသီက ၂၄ ဂိုးသွင်းယူပြီး လက်စတာအသင်း သမိုင်းဝင်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေရန် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်က ဆန်ခါတင် အယောက် ၃၀ စာရင်းကို နှစ်နာရီလျှင်တစ်ကြိမ်ငါးဦးစီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်သည့် စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဂရစ်ဇ်မန်တို့မှာ ပထမ ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ကြပြီး မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တို့မှာ နောက်ပိုင်းကြေညာသည့်စာရင်းတွင်မှ ပါဝင်ခဲ့ကြသည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရရှိခဲ့သော မာရက်ဇ်လည်း ဗာဒီနှင့်အတူ ယခုစာရင်းတွင် ပါဝင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဆန်ခါတင် ၃၀ စာရင်း

အဂူရို(မန်စီးတီး)၊ အူဘာမီယန်း(ဒေါ့တ်မွန်)၊ ဂါရတ်ဘေးလ်(ရီးယဲလ်)၊ ဘတ်ဖွန်(ဂျူဗင်တပ်စ်)၊ စီရော်နယ်ဒို(ရီးယဲလ်)၊ ဒီဘရိုင်း(မန်စီးတီး)၊ ဒိုင်ဘာလာ(ဂျူဗင်တပ်စ်)၊ ဂိုဒင်(အက်သလက်)၊ ဂရစ်ဇ်မန်(အက်သလက်)၊ ဟီဂူအင်(ဂျူဗင်တပ်စ်)၊ အီဗရာဟီမိုဗစ်ချ်(မန်ယူ)၊ အင်နီယေစတာ(ဘာစီလိုနာ)၊ ကိုကီ(အက်သလက်)၊ တိုနီခရုစ်(ရီးယဲလ်)၊ လီဝန်ဒေါစကီး(ဘိုင်ယန်)၊ ဟူဂိုလောရစ်(စပါး)၊ မာရက်ဇ်(လက်စတာ)၊ ဗာဒီ(လက်စတာ)၊ မက်ဆီ(ဘာစီလိုနာ)၊ နေမာ(ဘာစီလိုနာ)၊ ဆွာရက်ဇ်(ဘာစီလိုနာ)၊ မိုဒရစ်(ရီးယဲလ်)၊ မူလာ(ဘိုင်ယန်)၊ နျူအာ(ဘိုင်ယန်)၊ ပေယက်(ဝက်စ်ဟမ်း)၊ ပီပီ(ရီးယဲလ်)၊ ပေါ့ဂ်ဘာ(မန်ယူ)၊ ရာမို့စ်(ရီးယဲလ်)၊ ဗီဒယ်(ဘိုင်ယန်)၊ ပက်ထရီစီယို(စပို့တင်းလစ္စဘွန်း)

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly