ဆိုမာလီပင်လယ်ဓားပြများ၏ ငါးနှစ်ကြာ ဓားစာခံလုပ်ခံရသူများက ကြွက်များကို စားသောက်ကာ အသက်ဆက်ခဲ့ရ

ဆိုမာလီပင်လယ်ဓားပြများ၏ ငါးနှစ်ကြာ ဓားစာခံလုပ်ခံရသူများက ကြွက်များကို စားသောက်ကာ အသက်ဆက်ခဲ့ရ

ဆိုမာလီယာ၊ အောက်တိုဘာ ၂၄ ။           ။ ဆိုမာလီပင်လယ်ဓားပြများ၏ ငါးနှစ်ကြာ ဓားစာခံလုပ်ခံရသည့် သင်္ဘောသားအုပ်စုတစ်စုက အသက်ရှင်သန်ရေးအတွက် ကြွက်များကိုပင် စားသောက်ခဲ့ရကြောင်း အသက်ရှင်လွတ်မြောက်သူတစ်ဦးက ပြောသည်။

ဓားစာခံအဖြစ် ဖမ်းခံထားရစဉ်က ပင်လယ်ဓားပြများက ၎င်းတို့အား ရေအနည်းငယ်သာ ပေးကြောင်း၊ ဘယ်နေ့ သေမလဲ စောင့်နေရသကဲ့သို့ ခံစားရကြောင်း လွတ်မြောက်လာသည့် ဖိလစ်ပိုင်သင်္ဘောသား ဘယ်ဘာရိုက ပြောသည်။

၂၀၁၂ ခုနှစ်က သင်္ဘောသား ၂၆ ဦးအား ၎င်းတို့၏ သင်္ဘောနှင့်အတူ ဆိုမာလီပင်လယ်ဓားပြများက ဖမ်းဆီးခဲ့ပြီးနောက် ဆိုမာလီသို့ ဓားစာခံခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

သတင်းများအရ ၎င်းတို့အား ပြန်ပေးငွေပေး၍ အောက်တိုဘာ ၂၂ ရက်က ရွေးယူကာ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသည်။

အဆိုပါ သင်္ဘောသားများမှာ တရုတ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့မှ သင်္ဘောသားများဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly