တေးသီချင်းသစ် ဖြန့်ချိတော့မည့် Psy

တေးသီချင်းသစ် ဖြန့်ချိတော့မည့် Psy

ဆိုးလ် ၊ အောက်တိုဘာ ၂၄ ။                ။ တောင်ကိုရီးယား အဆိုတော် Psy က မဝေးတော့သည့် အနာဂတ်တွင် တေးသီချင်းသစ် ဖြန့်ချိသွားမည်ဖြစ်ကြောင်း Star News အွန်လိုင်းသတင်းဌာန   အောက်တိုဘာ ၂၄ရက်တွင် သတင်းထုတ်ပြန်သည်။

“ Psy ဟာ တေးသီချင်းသစ်အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ တေးသီချင်းသစ်ထွက်ရှိမယ့် ရက်ကို ယခုအချိန်ထိ မဆုံးဖြတ်ရသေးပါဘူး”ဟု  YG အင်တာတိန်းမန့်၏ ပြောကြားချက်ကို ကိုးကား၍ Star News အွန်လိုင်းသတင်းဌာန က ပြောကြားသည်။

Psy သည် တေးသီချင်းသစ်အတွက် မကြာသေးမီက တေးဂီတဗီဒီယို ရိုက်ကူးခဲ့ကြောင်း သတင်းအရင်းမြစ်က ပြောကြားသည်။

Psy ၏ သတ္တမမြောက် တေးအယ်လ်ဘမ် “Chiljip Psy-da” ထွက်ရှိခဲ့ပြီး နောက်ပိုင်း အဆိုပါ တေးသီချင်းသစ်သည် အသက် ၃၈ နှစ်အရွယ်ရှိ  Psy၏ နောက်ဆုံးတေးသီချင်းဖြစ်လာမည်ဖြစ်သည်။ Psyသည် ၂၀၁၂ ခုနှစ်က ၎င်း၏ ဆဌမမြောက် တေးအယ်လ်ဘမ် “Psy 6 ”မှ  “Gangnam Style” တေးသီချင်းထွက်ရှိပြီးနောက် ကမ္ဘာတစ်ဝန်းမှ ပရိတ်သတ်များ၏ အားပေးမှုကိုရရှိခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags