ဘေယောင်ဂျွန်း နဲ့ ပက်ခ်ဆိုဂျင်တို့ ဇနီးမောင်နှံ သားဦးလေး မွေးဖွား

ဘေယောင်ဂျွန်း နဲ့ ပက်ခ်ဆိုဂျင်တို့ ဇနီးမောင်နှံ သားဦးလေး မွေးဖွား

ဆိုးလ် ၊ အောက်တိုဘာ ၂၄ ။                  ။ တောင်ကိုရီးယား မင်းသားဘေယောင်ဂျွန်း၏ ဇနီးဖြစ်သူ ပက်ခ်ဆိုဂျင်သည် အောက်တိုဘာ ၂၃ ရက်က ဂမ်းနမ်းဒေသရှိ ဆေးရုံတစ်ရုံတွင် သားဦးလေးကို အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘေယောင်ဂျွန်း နှင့် ပက်ခ်ဆိုဂျင်တို့  ဇနီးမောင်နှံသည် သားဦးလေးကို ကြိုဆိုခဲ့ကြကြောင်း နှင့် ကလေးရော မိခင်ပါ ကျန်းမာကြကြောင်း သတင်းအရင်းမြစ်တစ်ခုက အောက်တိုဘာ ၂၄ ရက်တွင်   ပြောကြားသည်။

ဘေယောင်ဂျွန်း နှင့် မင်းသမီး ပက်ခ်ဆိုဂျင်တို့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြပြီး ဧပြီလတွင် ကလေးယူရန် မျှော်မှန်းထားကြောင်း ကြေညာခဲ့သည်။

အသက် ၄၄ နှစ် အရွယ်ရှိ ဘေယောင်ဂျွန်းသည် ၂၀၀၂ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော “Winter Sonata” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုဖြင့် အအောင်မြင်ဆုံး ကိုရီးယား အနုပညာရှင်တစ်ဦး   ဖြစ်လာခဲ့ပြီး အထူးသဖြင့် ဂျပန်နိုင်ငံတွင် အောင်မြင်မှုများ ပိုမိုရရှိခဲ့သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ပက်ခ်သည် ၂၀၀၂ ခုနှစ်က  အမျိုးသမီး အဆိုတော်အဖွဲ့Sugar အဖွဲ့ဝင်တစ်ဦးအဖြစ်  အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အဖွဲ့ဖျက်သိမ်းခဲ့ပြီးနောက်  ပက်ခ်သည် သရုပ်ဆောင်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly