ရည်စားဟောင်းဖြစ်သူ ကာလ်ဗင်ဟားရစ်၏ တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့တဲ့ တေလာဆွစ်ဖ်

ရည်စားဟောင်းဖြစ်သူ ကာလ်ဗင်ဟားရစ်၏ တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့တဲ့ တေလာဆွစ်ဖ်

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၄ ။               ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် ယခုသီတင်းပတ်ကုန်က အော်စတင်မြို့တွင် ကျင်းပပြုလုပ်သော  ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် ရည်စားဟောင်းဖြစ်သူ ကာလ်ဗင်ဟားရစ်၏ တေးသီချင်း “This Is What You Came For” တေးသီချင်းကို သီဆိုဖျော်ဖြေခဲ့သည်။

” တေးသီချင်းရေးဆရာ တစ်ယောက်အနဲ့ လုပ်ရကျိုးအနပ်ဆုံးလို့  ခံစားရတာကတော့ တေးသီချင်းရေးမယ်။ ပြီးရင် တေးသီချင်းကို ပရိတ်သတ်တွေကို ပြန်လည် သီဆိုပြမယ်။ ဒါဟာ  စိတ်ချမ်းမြေ့ဆုံး အရာတစ်ခုပါပဲ။ ကျွန်မ အရင်က ဒီသီချင်းကို ဘယ်တုန်းကမှ သီဆိုဖျော်ဖြခဲ့တာ မရှိပါဘူး။ ဒါကို ပရိသတ်တွေ သိပါတယ်”ဟု တေလာက ပရိသတ်များကို  ပြောကြားခဲ့သည်။ တေလာသည်  “This Is What You Came For” တေးသီချင်းကို စန္ဒယားတီးကာ သီဆိုဖျော်ဖြေခဲ့သည်။

တေလာသည် ၎င်း၏ နာမည်ကြီးသီချင်းများဖြစ်သည့် “Blank Space” ၊ “I Knew You Were Trouble” ၊ “Style” ၊ “We Are Never Ever Getting Back Together” နှင့် “Bad Blood” တေးသီချင်းများကို သီဆို ဖျော်ဖြေခဲ့သည်။

တေလာသည်  “This Is What You Came For” တေးသီချင်းကို ရည်းစားဟောင်းဖြစ်သူ ကာလ်ဗင်ဟားရစ်အတွက် ပူးတွဲ ရေးသားပေးခဲ့သည်။ ကာလ်ဗင်ဟားရစ်သည် အဆိုပါ တေးသီချင်းကို ရီဟားနားနှင့်အတူ သီဆိုခဲ့သည်။

တေလာဆွစ်ဖ် နှင့် ကာလ်ဗင်ဟားရစ်တို့သည် တစ်နှစ်ကျော်ကြာ တွဲခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ် ဇွန်လက လမ်းခွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly