၂၀၁၆ ဥရောပလူငယ် အကောင်းဆုံး ကစားသမားဆုကို ရီနာတိုဆန်းချက်ဇ် ရရှိ

၂၀၁၆ ဥရောပလူငယ် အကောင်းဆုံး ကစားသမားဆုကို ရီနာတိုဆန်းချက်ဇ် ရရှိ
 

အောက်တိုဘာ ၂၄ ။                 ။ ၂၀၁၆ ဥရောပလူငယ် အကောင်းဆုံး ဘောလုံးသမားဆု(European Golden Boy award)ကို ပေါ်တူဂီနှင့် ဘိုင်ယန်မြူးနစ် ကွင်းလယ်တောင်ပံကစားသမား ရီနာတိုဆန်းချက်ဇ်က ရရှိသွားခဲ့သည်။

ထိုဆုအတွက် ဆန်ခါတင်ကစားသမား လေးဆယ်ဦးစာရင်းမှ သုံးဦးကို ရွေးချယ်ခဲ့ပြီး ထိုမှတစ်ဆင့် အကောင်းဆုံးကစားသမားကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆန်းချက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းဖော် ကိုးလ်မန်းနှင့် မန်ယူလူငယ်ကစားသမား ရက်ရှ်ဖို့ဒ်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆု ရရှိခဲ့ခြင်း ဖြစ်သည်။

ဆုရအပြီးတွင် ဆန်းချက်ဇ်က ‘ဒီဆုက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အရေးပါတဲ့ဆုပါ။ ဒါပေမဲ့ ကျွန်တော်ဟာ ပုံမှန်အတိုင်းပဲ ကမ္ဘာမြေပေါ်မှာ ရှိနေဦးမှာပါ။ ဗီဒယ်၊ အလွန်ဆိုနဲ့ အယ်လ်ကန်တာရာတို့လို တကယ်ကောင်းတဲ့ အသင်းဖော်တွေဆီကနေ အခုအချိန်အထိ သင်ယူနေရဆဲပါ’ ဟု ပြောဆိုခဲ့သည်။

ယင်းဆုကို ၂၀၀၃ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရွန်နီ၊ အဂူရို၊ မက်ဆီ၊ ဘာလော့တယ်လီ၊ ပေါ့ဂ်ဘာတို့ကဲ့သို့ နာမည်ကျော်ကစားသမားများ ရရှိခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က ထိုဆုကို မန်ယူကစားသမား မာရှယ်လ်က ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required