ကျေးလက်သတင်းထောက်များအတွက် အခြေခံသတင်းစာပညာသင်တန်းဖွင့်

ကျေးလက်သတင်းထောက်များအတွက် အခြေခံသတင်းစာပညာသင်တန်းဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။           ။ မဇ္ဈိမ မီဒီယာနှင့် Action Aid Myanmar တို့ ပူးပေါင်း ပြုလုပ်သည့် မီဒီယာဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ချက် တစ်ခုဖြစ်သည့်   ကျေးလက်သတင်းထောက်များအတွက် အခြေခံသတင်းစာပညာသင်တန်းကို အောက်တိုဘာလ ၂၄ ရက်မှ စတင်၍ ငါးရက်ကြာ ပြုလုပ်လျက်သည်။

သင်တန်းကို Myanmar Journalism Institute မှ အချိန်ပိုင်း သင်တန်းဆရာတစ်ဦးဖြစ်သည့် ကိုနိုင်မင်းဝေက ဦးဆောင် သင်ကြားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၃ ယောက် တက်ရောက်နေကြောင်း သင်တန်းတာဝန်ခံ ကိုကျော်ကျော်လင်းက ပြောသည်။

‘ကျွန်တော်တို့ သင်တန်း ငါးရက်အတွင်းမှာ အခြေခံသတင်းစာပညာအပြင် လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေ၊ သတင်းဓာတ်ပုံရဲ့ သဘောတရား စတာတွေပါ သင်ကြားသွားဖို့ရှိပါတယ်။ ပြီးတော့ Myanmar Now သတင်းဌာနက ဆရာ ကိုဆွေဝင်းကိုလည်း ဖိတ်ကြားထာပါတယ်” ဟု ကိုကျော်ကျော်လင်းက ပြောသည်။

သင်တန်းပြီးဆုံးသည့်အခါ သင်တန်းသူ၊ သင်တန်းသားများကို သတင်းရေးသားသည့်အခါ လိုအပ်သည့် အခက်အခဲများကို အယ်ဒီတာများက ကူညီဖြေရှင်းပေးပြီး သတင်းများရေးသားနိုင်အောင် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required