ELN လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရလဒ်ကောင်းထွက်ပေါ်ရန် ကိုလံဘီယာသမ္မတ မျှော်လင့်

ELN လက်နက်ကိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရလဒ်ကောင်းထွက်ပေါ်ရန် ကိုလံဘီယာသမ္မတ မျှော်လင့်

အောက်တိုဘာ ၂၄ ။             ။ မကြာမီရက်ပိုင်းအတွင်း ပြုလုပ်ရန်ရှိနေသည့် အမျိုးသားလွတ်မြောက်ရေးတပ် (ELN) လက်နက်ကိုင်အုပ်စုနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဟု ကိုလံဘီယာ သမ္မတက မျှော်လင့်နေလျက်ရှိသည်။

လာမည့် အောက်တိုဘာ ၂၇ ရက် အီကွေဒေါမြို့တော် Quito တွင် စတင်မည့် ELN နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ဦးဆောင်ညှိနှိုင်းသူအဖြစ် ဝန်ကြီးဟောင်း ဟွမ် ကာမီလို ရက်စထရီပို က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဟွမ် မန်နျူရယ် ဆန်းတို့စ်က ကြေညာသွားသည်။

"အောက်တိုဘာ ၂၇ ရက်ကျရင် အခြေအနေတွေသာ အားလုံးကောင်းမယ်ဆိုရင် ELN အဖွဲ့နဲ့ အလုံးစုံငြိမ်းချမ်းရေး ရဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို အီကွေဒေါမှာ စတင်နိုင်ပါလိမ့်မယ်၊ ဒီဆွေးနွေးမှုတွေမှာ ကျွန်တော်တို့အစိုးရဘက်က ဦးဆောင်ဆွေးနွေးမယ့်သူကတော့ ဝန်ကြီးဟောင်း ကာမီလို ရက်စထရီပို ဖြစ်ပါတယ်" ဟု သမ္မတက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားသည်။

ELN အုပ်စုနှင့် ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ကိုယ်စားပြုဦးဆောင်ဆွေးနွေးရန် တာဝန်ပေးခံခဲ့ရသော ရက်စထရီပိုမှာ ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်အထိ စိုက်ပျိုးရေးနှင့်   ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နိုင်ငံတွင် အလုံးစုံငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ကြိုးပမ်းနေသော ကိုလံဘီယာနိုင်ငံတွင် ELN အဖွဲ့မှာ FARC သူပုန်အဖွဲ့ပြီးလျင် ဒုတိယအကြီးဆုံး လက်နက်ကိုင်အုပ်စုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required