အာဖဂန်နစ္စတန်နိုင်ငံ၏ ပြီးခဲ့သည့်နှစ်က ဘိန်းအထွက် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်

အာဖဂန်နစ္စတန်နိုင်ငံ၏ ပြီးခဲ့သည့်နှစ်က ဘိန်းအထွက် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်

ကဘူးလ်၊ အောက်တိုဘာ ၂၄ ။                   ။ အာဖဂန်နစ္စတန်နိုင်ငံ၏ ပြီးခဲ့သည့်နှစ်က ဘိန်းအထွက်နှုန်းသည် ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။  နိုင်ငံ၏ ဘိန်းစိုက်မြေ ပမာဏမှာလည်း ၁၀ ရာခိုင်နှုန်းမြင့်တက်ကာ ဟတ်တာ ၂၀၁၀၀၀ အထိ များပြားခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဆိုင်ရာရုံး UNODC က ထုတ်ပြန်သည်။

သို့သော်လည်း ကောင်းမွန်သည့် စိုက်ပျိုးမှုကြောင့် တစ်ဟတ်တာအထွက်နှုန်းမြင့်မားခြင်းကြောင့် ယခုကဲ့သို့ အလွန်အကျွံအထွက်တိုးများခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် ဘိန်းဖြူချက်လုပ်သည့် ဘိန်းထွက်ရှိမှုအများဆုံးနိုင်ငံဖြစ်သည်။

နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုကို ရာဇဝတ်မှုအဖြစ် ပြဌာန်းထားသော်လည်း ဆင်းရဲနုံချာသော တောင်သူလယ်သမားများအတွက်က အဓိကဝင်ငွေရစေသည့် စိုက်ပျိုးမှုဖြစ်နေဆဲဖြစ်သည်။

တာလီဘန်များကလည်း ၎င်းတို့ထိန်းချုပ်ရာနယ်မြေဒေသများတွင် ဘိန်းခွန်ကောက်ခံနေကာ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုအတွက် အဓိကဝင်ငွေအဖြစ် ဖြည့်ဆည်းနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required