အီရတ်တွင် အိုင်အက်စ်ချေမှုန်းရေး တိုက်ပွဲများ ပြင်းထန်

အီရတ်တွင် အိုင်အက်စ်ချေမှုန်းရေး တိုက်ပွဲများ ပြင်းထန်

မိုဆူးလ်၊ အောက်တိုဘာ ၂၄ ။                   ။ အီရတ်နိုင်ငံတွင် အိုင်အက်စ်တို့ လက်အောက် ကျရောက်နေသည့် မိုဆူးလ်မြို့အနီးရှိ ဘာရှီကာမြို့အား ပြန်လည် သိမ်းပိုက်ရေးအတွက် ကာ့ဒ်တပ်ဖွဲ့များက ထိုးစစ်သစ်ဖွင့်ကာ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

အိုင်အက်စ်ပိုင်နက် တော်တော်များများသို့ ချီတက်သိမ်းပိုက်နိုင်ကြောင်း အိုင်အက်စ်၏ လွတ်လမ်းဖြစ်သော အဝေးပြေးလမ်း တစ်လမ်းကိုလည်း ပိတ်ဆို့ထားကြောင်း ကာ့ဒ်တပ်မှူးများက ပြောသည်။

အိုင်အက်စ်တို့အား ထိုးစစ်ဆင်တိုက်ခိုက်မှု၌ အောက်တိုဘာ ၂၃ ရက်က တူရကီကပါ ပါဝင်လာပြီး ဘာရှီကာမြို့ရှိ အိုင်အက်စ် ပစ်မှတ်များကို အမြှောက်များဖြင့် တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်သည်။

အောက်တိုဘာ ၂၂ ရက်က ထိုးစစ်တွင် ပါဝင်ရန် ကာ့ဒ်တပ်ဖွဲ့များ၏ ကမ်းလှမ်းချက်အား အီရတ်ဝန်ကြီးချုပ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ကာ့ဒ်တိုက်ခိုက်ရေးသမားများက အိုင်အက်စ်စစ်သွေးကြွ ဒါဇင်များစွာကို သုတ်သင်ပြီး ရွာရှစ်ရွာကိုလည်း ပိတ်ဆို့ထားကာ အိုင်အက်စ်တို့၏ မိုဆူးလ်မြို့သို့ စစ်ကူထောက်ပံ့ရေး လမ်းကြောင်းကိုလည်း   ဖြတ်တောက်ထားနိုင်သည်။

ဘာရှီကာမြို့တိုက်ပွဲများတွင် အောင်မြင်မှုရနေကြောင်း အီရတ်ရှိ အမေရိကန်ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စတီဗင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required