ကယ်လီဖိုးနီးယား၌ ခရီးသည်ဘတ်စ်ကားနှင့် လော်ရီကား တိုက်မိ၍ ဆယ့်သုံးဦးသေဆုံး

ကယ်လီဖိုးနီးယား၌ ခရီးသည်ဘတ်စ်ကားနှင့် လော်ရီကား တိုက်မိ၍ ဆယ့်သုံးဦးသေဆုံး

ကယ်လီဖိုးနီးယား၊ အောက်တိုဘာ ၂၄ ။                ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကမ္ဘာ့လှည့်ခရီးသည်တင်ဘတ်စ်ကားနှင့် လော်ရီကားတစ်စီးတို့ တိုက်မိကာ လူဆယ့်သုံးဦး   သေဆုံးကြောင်း မီဒီယာသတင်းများ၌ ဖော်ပြသည်။

ခရီးသည် အများစုမှာ လက်တင်အမေရိကမှ အများစုဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယာဉ်တိုက်မှုမှာ အောက်တိုဘာ ၂၄ ရက် အစောပိုင်းအချိန်က ဖြစ်ပွားခြင်းဖြစ်သည်။

ခရီးသည်တင်ယာဉ်က လော်ရီကားအား အနောက်မှ ဝင်တိုက်မိခြင်းဖြစ်ပြီး ယာဉ်တိုက်ရသည့် အကြောင်းရင်းအား စစ်ဆေးလျက်ရှိသည်။

ပျက်စီးသွားသည့် ခရီးသည်တင်ကားမှ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ပြတင်းပေါက်များမှတစ်ဆင့် ဆွဲထုတ်ကြရသည်။

ယာဉ်တိုက်မှုအတွင်း ဒဏ်ရာရသူ ငါးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။

ယခုယာဉ်တိုက်မှုသည် ဆယ်စုနှစ် သုံးခုစာမျှအတွင်း ကယ်လီဖိုးနီးယား၌ ဖြစ်ပွားသော အဆိုးဝါးဆုံး ယာဉ်တိုက်မှုဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်စ်သတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required