ဂျပန်မှာ ဗုံးပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ စစ်သားဟောင်းတစ်ဦး ဆက်နွယ်ဖွယ်ရှိ

ဂျပန်မှာ ဗုံးပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ စစ်သားဟောင်းတစ်ဦး ဆက်နွယ်ဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ဂျပန်နိုင်ငံ၊ အူဆူနိုမီယာမြို့မှာ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ ဗုံးဆက်တိုက်ပေါက်ကွဲမှုတွေရဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေသွားတဲ့ အသက် ၇၂ နှစ်အရွယ် စစ်သားဟောင်းတစ်ဦး ဆက်နွယ်ဖွယ်ရှိတယ်လို့ ရဲတွေက ပြောပါတယ်။

တိုကျိုမြို့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့် (မိုင် ၆၂) အကွာရှိ အူဆူနိုမီယာမြို့မှာ ဗုံးပေါက်ကွဲမှုများကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရှိခဲ့ပါတယ်။

ရိုးရာပွဲတော်ကျင်းပနေတဲ့ ပန်းခြံထဲမှာ မနက်ပိုင်း ၁၁း၃၂ မိနစ်က တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပန်းခြံထဲက နေရာမတူတဲ့ သုံးနေရာမှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတစ်စီး လုံးဝ မီးလောင်ကျွမ်းခဲ့တာကို မီဒီယာများက ဗီဒီယိုထုတ်လွှင့်ပြသခဲ့ပါတယ်။

ပန်းခြံထဲမှာ မီးလောင်ကျွမ်းခဲ့တဲ့ တစ်စိတ်တစ်ပိုင်းနှင့် ပျက်စီးနေတဲ့ အလောင်းကို တွေ့ရှိတယ်လို့ ရဲက ပြောပါတယ်။ အဆိုပါအလောင်းဟာ အူဆူနိုမီယာမြို့မှာ နေထိုင်တဲ့ ဂျပန်ကာကွယ်ရေးတပ်မှ အငြိမ်းစားတပ်ဖွဲ့ဝင် အဘိုးအိုဖြစ်တယ်လို့ ရဲက ထည့်သွင်းပြောဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုအရ မီးလောင်ကျွမ်းခဲ့တဲ့ ကားနှင့် အိမ်ပိုင်ရှင်ဟာ သေကြောင်းကြံစည်မှုနဲ့ ပတ်သက်လို့ စာရေးသားထားခဲ့သူဖြစ်နိုင်ပြီး လူသုံးဦး မတော်တဆဖြစ်စဉ်နှင့် ချိတ်ဆက်ဖွယ်ရှိတယ်လို့လည်း  မီဒီယာတွေက ဖော်ပြထားပါတယ်။

Source: EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required