မန်ယူနောက်ခံလူ အဲရစ်ဘာယီ ချယ်လ်ဆီးနဲ့ပွဲမှာ ရရှိတဲ့ ဒူးဒဏ်ရာ ခံစားနေရ

မန်ယူနောက်ခံလူ အဲရစ်ဘာယီ ချယ်လ်ဆီးနဲ့ပွဲမှာ ရရှိတဲ့ ဒူးဒဏ်ရာ ခံစားနေရ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ပွဲမှာ မန်ယူ ဗဟိုနောက်ခံလူ အဲရစ်ဘာယီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ခံစားနေရပြီး မန်ယူအသင်းက ၎င်းရဲ့ ဒဏ်ရာအတွက် စိုးရိမ်နေရကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် အိုင်ဗရီကို့စ်ကစားသမားဟာ ချယ်လ်ဆီးရဲ့ ဟာဇက်နဲ့ ညှိမိပြီး အဆိုပါဒူးဒဏ်ရာရှိကာ ပွဲချိန် (၅၂) မိနစ်မှာ လူစားထိုးလဲခဲ့ပါတယ်။

"ဆိုးရွားတဲ့ ဒဏ်ရာဖြစ်လို့ ကျနော် ထိတ်လန့်မိပါတယ်။ သူ့ရဲ့ ဒူးမှာ အရွတ်ဒဏ်ရာရရှိသွားတာပါ။ တကယ်ပဲ ဆိုးရွားစွာ သူ ခံစားနေရပါတယ်"လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

ဘာယီဟာ မန်ယူအတွက် လိဂ်ပြိုင်ပွဲတွေမှာ မိနစ်တိုင်း ဝင်ရောက် ကစားခဲ့ပါတယ်။ မန်ယူအသင်းက အဆိုပါနောက်ခံလူကို ဗီလာရီးယဲလ်အသင်းကနေ ပေါင် သန်း(၃၀)နဲ့ နွေရာသီက ခေါ်ယူ စာချုပ်ခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly