YouTube ပေါ်မှာ ကြည့်ရှုမှု အများဆုံးလိဂ် လာလီဂါဖြစ်

YouTube ပေါ်မှာ ကြည့်ရှုမှု အများဆုံးလိဂ် လာလီဂါဖြစ်
(ဓာတ်ပုံ - အီးပီအေ)

စပိန် လာလီဂါက YouTube ပေါ်မှာ ၎င်းတို့ရဲ့ ဗီဒီယိုများအား လစဉ် ကြည့်ရှုမှု (၂.၃) ဘီလီယံနဲ့ ကမ္ဘာပေါ်မှာ အများဆုံး စောင့်ကြည့်တဲ့ ဘောလုံးလိဂ်များရဲ့ စာရင်းကို ဦးဆောင်နေတယ်လို့ သိရပါတယ်။

လာလီဂါရဲ့ တွက်ချက်မှုအရ စပိန်ချန်ပီယံရှစ်ဟာ မတူညီတဲ့ လူမှုကွန်ရက်များပေါ်မှာ active ဖော်လိုဝါ (၁.၆) ဘီလီယံခန့် ရှိပြီး အင်္ဂလန်ပရီးမီးယားလိဂ်က သန်း (၉၀၀) ရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ (၄) နှစ်က လွှင့်တင်ခဲ့တဲ့ စပိန် လာလီဂါရဲ့ YouTubue ချန်နယ်ဟာ လစဉ် ကြည့်ရှုမှုအရေအတွက် (၂.၃) ဘီလီယံရှိတယ်လို့ ဆန်းသစ်တီထွင်မှုနှင့် လာလီဂါရဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေညွှန်ကြားရေးမှုး Ignacio Martinez Trujillo က ပြောပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required