အရက်ပိတ်ပင်သည့် ဥပဒေ အီရတ်လွှတ်တော်က ပြဌာန်း

အရက်ပိတ်ပင်သည့် ဥပဒေ အီရတ်လွှတ်တော်က ပြဌာန်း

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၃ ။           ။ အီရတ်နိုင်ငံတွင် အရက်သေစာသည် အစ္စလာမ်တရားနှင့် ဆန့်ကျင်ကြောင်း ထောက်ခံသူများ၏ ကျောထောက်နောက်ခံပြုမှုဖြင့် လွှတ်တော်က အရက်သေစာရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းများကို ပိတ်ပင်ကြောင့် ဆန္ဒပြုမဲပေးကြသည်။

ထိုသို့ မဲပေးခြင်းက နိုင်ငံတွင်း ခရစ်ယာန်ကဲ့သို့သော လူနည်းစုများ၏ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသည့် ဖွဲ့စည်းပုံ အာမခံချက်ကို ချိုးဖောက်ရာရောက်ကြောင်း ကန့်ကွက်သူများက ဆန့်ကျင်သည်။

ထိုဆန္ဒမဲပေး ပြဌာန်းခြင်းအတွက် တရားရုံးတွင် ကန့်ကွက်ကြောင်း အယူခံဝင်သွားမည်ဟုလည်း ၎င်းတို့က ပြောသည်။

လွှတ်တော်တွင် ရှေးရိုးစွဲများကြောင့် နောက်ဆုံးကပ်ကာ မဲပေးအတည်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆမ်ဒမ်ဟူစိန် ကျဆုံးပြီးချိန်မှစကာ ဘဂ္ဂဒက်နှင့် အခြားမြို့များတွင် အရက်ဆိုင်များကို ပစ်မှတ်ထားခြင်းကဲ့သို့ အစ္စလာမ်နှင့် ဆန့်ကျင်မှုများ မကြခဏဆိုသလို တိုက်ခိုက်ခြင်းများ ကြုံလာရသည်။

အီရတ်ရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် အရက်သေစာကို သိပ်မတွေ့ရသော်လည်း ဘဂ္ဂဒက်ရှိ ဆိုင်ငယ်များနှင့် အရက်ဘားများတွင် ရရှိလျက်ရှိနေကြောင်း သတင်းထောက်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required