ပထမဆုံး ဧဝရတ်တောင်တက်အမျိုးသမီး အသက် ရ၇ နှစ်၌ ကွယ်လွန်

ပထမဆုံး ဧဝရတ်တောင်တက်အမျိုးသမီး အသက် ရ၇ နှစ်၌ ကွယ်လွန်

တိုကျို၊ အောက်တိုဘာ ၂၃ ။       ။ ဧဝရတ်တောင်အား တက်ရောက်ခဲ့သည့် ပထမဆုံးအမျိုးသမီးဖြစ်သူ ဂျပန်နိုင်ငံက ဂျန်ကိုတာဘေးသည် အသက် ၇၇ နှစ်၌ ကွယ်လွန်ကြောင်း မိသားစုဝင်များက ပြောသည်။

တာဘေးသည် ၁၉၇၅ ခုနှစ် မေလအတွင်းက ဧဝရတ်တောင်အား အသက် ၃၅ နှစ်အရွယ်က တက်ရောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းလည်း ကမ္ဘာ့အမြင့်ဆုံး တောင်ခုနစ်တောင်အား ၁၉၉၂ ခုနှစ်မကုန်မီ တက်ရောက်နိုင်ခဲ့သူဖြစ်သည်။

၎င်းသည် လေးနှစ်တာ ဝမ်းဗိုက်ကင်ဆာခံစားခဲ့ရပြီး ဆာတီမာမြို့ရှိ ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

တာဘေးအနေဖြင့် နောက်ဆုံးတက်ရောက်ခဲ့သည်က ၂၀၁၁ ဂျပန်ငလျင်နှင့် ဆူနာမီ ကြုံတွေ့ခဲ့ရာ ဖူဂျီတောင်သို့ အထက်တန်းကျောင်းသားကျောင်းသူများနှင့်အတူ ဇူလိုင်လအတွင်းက တက်ရောက်ခဲ့ခြင်းဖြစ်သည်။

တာဘေးသည် ငလျင်ဒဏ်နှင့် ဆူနာမီဒဏ် ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့သည့် ဖူကူရှီးမားပြည်နယ်တွင် မွေးဖွားသူတစ်ဦးလည်းဖြစ်သည်။

“၁၉၇၀ ခုနှစ်တွေတုန်းက ဂျပန်နိုင်ငံရဲ့ လူမှုအသိုင်းအဝန်းအခြေအနေက ယောက်ကျားသားတွေကပဲ အပြင်ထွက်အလုပ်လုပ်ကြပြီး မိန်းမသားတွေအနေနဲ့ အိမ်မှာပဲ နေရမယ်ဆိုတဲ့ အမြင်မျိုး ရှိနေခဲ့ကြတာပါ။”ဟု ထိုအယူအဆကို ဖောက်ထွက်ကာ အမျိုးသမီးတောင်တက်သမားတစ်ဦးဖြစ်ခဲ့သည့် တာဘေးက ၂၀၁၂ ခုနှစ်အတွင်း ဂျပန်တိုင်းမ်စ်သတင်းစာနှင့် အင်တာဗျူးခဲ့ရာတွင် ဖြေကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required