ဂျပန်တွင် အများပြည်သူပိုင်ပန်းခြံတစ်ခု၌ ပေါက်ကွဲမှုများဖြစ်၍ တစ်ဦး သေဆုံး

ဂျပန်တွင် အများပြည်သူပိုင်ပန်းခြံတစ်ခု၌ ပေါက်ကွဲမှုများဖြစ်၍ တစ်ဦး သေဆုံး

တိုကျို၊ အောက်တိုဘာ ၂၃ ။      ။ ဂျပန်နိုင်ငံ ယူဆူနိုမီယာမြို့ရှိ အများပြည်သူပိုင် ပန်းခြံတစ်ခု၌ ပေါက်ကွဲမှုများဖြစ်ကာ လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း အရေးပေါ်ဌာနက ပြောသည်။

တိုကျိုမြို့မြောက်ဖက် တိုချီဂျီပြည်နယ် အဆိုပါ ပန်းခြံအတွင်း နံနက် ၁၁ နာရီခွဲတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခြင်းဖြစ်သည်။

ပန်းခြံရှိ ကားပါကင်နေရာတွင် ကားများ မီးလောင်နေသည်ကို တိုကျိုအခြေစိုက် NHK ရုပ်သံလိုင်းက ထုတ်လွှင့်ပြသည်။

ပေါက်ကွဲရသည့် အကြောင်းရင်းအား လတ်တလော မသိရသေးပေ။

ပန်းခြံအနီးနားတွင် ရိုးရာပွဲတော်တစ်ရပ်ကိုလည်း ကျင်းပနေခြင်းဖြစ်ကြောင်း၊ ထိုနေရာတွင်လည်း ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားကြောင်း ကျိုတိုသတင်းအေဂျင်စီက ဖော်ပြသည်။

အသံကျယ်ကြီးတစ်ချက်ကြားပြီး ယမ်းနံများရကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

လူမှုမီဒီယာတွင်လည်း ပေါက်ကွဲ၍ မီးခိုးများလိမ့်တက်နေပုံများ ပျံ့နှံ့ခဲ့သည်။

အဆိုပါ ပန်းခြံနေရာအား ရဲက ပိတ်ဆို့ထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required