ချယ်လ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်ကို မန်စီးတီးအသင်း ကမ်းလှမ်းဖွယ်ရှိနေ

ချယ်လ်ဆီးကွင်းလယ်လူဖာဘရီဂတ်စ်ကို မန်စီးတီးအသင်း ကမ်းလှမ်းဖွယ်ရှိနေ

အောက်တိုဘာ ၂၃၊ မန်ချက်စတာ။            ။ မန်စီးတီးအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို ပေါင်သန်း ၂၀ ဖြင့် အံ့အားသင့်ဖွယ် ကမ်းလှမ်းသွား ရန်ရှိနေသည်။

မန်စီးတီးနည်းပြဂွာဒီယိုလာအနေဖြင့် စပိန်တစ်နိုင်ငံတည်းသားချင်း ဖာဘရီဂတ်စ်ကို ဇန်နဝါရီအတွင်း ခေါ်ယူချင်နေခြင်းဖြစ် ကြောင်း The Sun သတင်းတွင်ဖော်ပြထားသည်။

နွေရာသီအတွင်းက အေစီမီလန်နှင့် ဂျူဗင်တပ်တို့၏ကမ်းလှမ်းမှုကိုပယ်ချခဲ့သော အသက် ၂၉ နှစ်အရွယ်ကစားသမားသည် ချယ်လ်ဆီးနည်းပြကွန်တီလက်အောက်၌ ပရီးမီးယားလိဂ်တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရသည်။

မန်စီးတီးအသင်းသည် လေးပွဲဆက်နိုင်ပွဲပျောက်နေပြီး ကွင်းလယ်မှအခွင့်အရေးဖန်တီးနိုင်စွမ်းနည်းပါးနေခြင်းအပေါ် ဂွာဒီယိုလာက ပူပန်နေသည်။

အသင်းတွင် ဖာနန်ဒင်ဟို၏ခြေစွမ်းကို ဂွာဒီယိုလာက စိတ်ပျက်နေပြီး ချန်လှပ်ခံကစားသမား ယာယာတိုရေးမှာလည်း အဖြေ မဟုတ်သဖြင့် ဖာဘရီဂတ်စ်ကိုခေါ်ရန် စဉ်းစားလာခဲ့ခြင်းဖြစ်သည်။

ဖာဘရီဂတ်စ်မှာ ချယ်လ်ဆီးအသင်းတွင် ကန်တီ၏နောက်တွင်သာနေရာရသဖြင့် ၎င်း၏အနာဂါတ်ကို စဉ်းစားဆုံးဖြတ်ရဖွယ်ရှိ နေသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required