တင်းမာမှု မြင့်တက်နေစဉ် အိန္ဒိယရုပ်သံနှင့် ရေဒီယို အစီအစဉ်များအား ပါကစ္စတန်က ပိတ်ပစ်

တင်းမာမှု မြင့်တက်နေစဉ် အိန္ဒိယရုပ်သံနှင့် ရေဒီယို အစီအစဉ်များအား ပါကစ္စတန်က ပိတ်ပစ်

အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ။                       ။ ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံက ရုပ်သံနှင့် ရေဒီယိုအစီအစဉ်များ နိုင်ငံတွင်း ထုတ်လွှင့်ခြင်းအား ပိတ်ပစ်လိုက်ပြီး ပိတ်ဆို့မှုများအား မထေ့မဲ့မြင်ပြုသည့် မည်သည့်ရုပ်သံလွှင့်ဌာနကိုမဆို ပိတ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

အိန္ဒိယဇာတ်လမ်းတွဲများနှင့် ဘောလီဝုဒ်ရုပ်ရှင်ဇာတ်ကားများက ပါကစ္စတန်တွင် လူကြိုက်များ ရေပန်းစားခြင်းကြောင့် အဆိုပါ ပိတ်ပင်မှုအား ရုပ်သံလွှင့်သူများနှင့် ကြည့်ရှုသူပရိသတ်များက ချက်ချင်း ဝေဖန်တုံ့ပြန်ကြသည်။

တောင်အာရှအိမ်နီးချင်း နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်ကြား ဆက်ဆံရေး အစေးမကပ်ချိန်၌ ပါကစ္စတန်က ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

ဇူလိုင်လအတွင်းက အိန္ဒိယထိန်းချုပ်သော ကက်ရှ်မီးယားနယ်ဖက်ခြမ်းက ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးက တင်းမာလာခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလအတွင်းကလည်း အိန္ဒိယစစ်အခြေစိုက်စခန်းအား စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်၍ အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဆိုးဝါးလာခဲ့သည်။

ကက်ရှ်မီးယားဒေသအား အိန္ဒိယမှ ခွဲထွက်ပြီး လွတ်လပ်ရေးပေးရန် သို့မဟုတ် ပါကစ္စတန်နှင့် ပူးပေါင်းရန် တိုက်ခိုက်ပုန်ကန်နေသော သောင်းကျန်းသူများကို ပါကစ္စတန်က လက်နက်နှင့် စစ်သင်တန်းများ ပေးသည်ဟု အိန္ဒိယနိုင်ငံက ပြောဆိုထားပြီး ပါကစ္စတန်ဖက်က ယင်းပြောဆိုချက်ကို ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required