အွန်လိုင်းတွင် ထိုင်းဘုရင်အား စော်ကားမှုများအား ဖယ်ရှားရန် ဂူဂဲလ်သဘောတူ

အွန်လိုင်းတွင် ထိုင်းဘုရင်အား စော်ကားမှုများအား ဖယ်ရှားရန် ဂူဂဲလ်သဘောတူ

ဘန်ကောက်၊ အောက်တိုဘာ ၂၂ ။             ။ ထိုင်းဘုရင်အား အွန်လိုင်းပေါ်တွင် စော်ကားမှုများအား ပူးပေါင်းဖယ်ရှားသွားရန် ဂူှုဂဲလ်က သဘောတူကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။

ဂူဂဲလ်ရှာဖွေရေးအင်ဂျင်နှင့် ယူကျု့တို့ပေါ်က ထိုင်းဘုရင်အပေါ် စော်ကားမှုအကြောင်းအရာများနှင့် ပတ်သက်ပြီး ဂူဂဲလ်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် ပရာဂျင်ဂျန်တွန်က ပြောသည်။

ထိုသို့ ဖယ်ရှားပစ်ခြင်းတွင် တည်မြဲမူဝါဒများအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူဂဲလ်က ပြောသည်။

ကမ္ဘာတွင် တော်ဝင်အသိုင်းအဝန်းနှင့် ပတ်သက်ပြီး တင်းကြပ်သည့် စည်းမျဉ်းတစ်ချို့ရှိသော ထိုင်းနိုင်ငံအနေဖြင့် လက်ရှိကာလတွင် ဘုရင်ဘူမိဘော နတ်ရွာစံ၍ ပူဆွေးဝမ်းနည်းနေသည့် အချိန်အခါလည်းဖြစ်သည်။

အောက်တိုဘာ ၁၃ ရက် ဘုရင်ဘူမိဘော ကံတော်ကုန်ပြီးနောက်ပိုင်း ဂူဂဲလ်တွင် ဘုရင်အား စော်ကားရိုင်းပျမှုပေါင်း ၁၀၀ ကျော်ထက်မနည်းကို တွေ့ရှိကြောင်း ပရာဂျင်ဂျန်တွန်က ပြောသည်။

ဖယ်ရှားရန် တောင်းဆိုမှုများအတွက် ကုမ္ပဏီ၏ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂူဂဲလ်ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required