မိန်းကလေးများကို ချစ်ကြောင်း အမျိုးသမီးအဆိုတော် Madison Beer ပြော

မိန်းကလေးများကို ချစ်ကြောင်း အမျိုးသမီးအဆိုတော် Madison Beer ပြော

ဆယ်ကျော်သက် အမျိုးသမီးအဆိုတော် Madison Beer သည် သူမ၏ ချစ်မှှုရေးရာအကြောင်းကို ယခုအပတ်ထဲ၌ YouNow chat တွင် ပရိသတ်များအား ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

ကြာရှည်စွာ တွဲလာခဲ့သော ချစ်သူ (boyfriend) Jack Gilinsky နှင့် လမ်းခွဲလိုက်ပြီဟူသည့် သတင်းများအပေါ် မေးမြန်းမှှုများကို ဖြေကြားခဲ့ပြီးနောက်၊ သူမသည် သူမ၏ လိင်မှှုတိမ်းညွတ်မှှု အကြောင်းကို ပရိသတ်များအား ပြောပြခဲ့ခြင်း ဖြစ်သည်။

“ကျွန်မဟာ ယောကျာ်းလျာ တစ်ဦးမဟုတ်ပါဘူး။ ဒါပေမဲ့ ကောင်မလေးတွေကို ကျွန်မ တကယ်ကို ချစ်တာပါ။ ကောင်မလေးတွေဟာ ဒီဂြိုဟ်ကမ္ဘာမှာ အံ့သြစရာ အကောင်းဆုံးသူတွေပါ” ဟု   ပြောခဲ့ခြင်း ဖြစ်သည်။

သူမသည် အနုပညာကြယ်ပွင့် အများစု ကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။ “လိင်ကွဲချစ်သူ (straight) လို့လည်း ကျွန်မကိုယ်ကျွန်မ တံဆိပ်မကပ်ချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ တံဆိပ်တွေဆိုတာ တကယ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ ကျွန်မ ထင်လို့ပါ” ဟု ဆယ်ကျော်သက် အဆိုတော်က ဆိုခဲ့သည်။ “ကောင်မလေးတွေဟာ လှပပြီး အံ့သြစရာ ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်” ဟုလည်း သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly