ရုရှရဟတ်ယာဉ် ဆိုက်ဘေးရီးယားတွင် ပျက်ကျ၊ ၁၉ ဦးထက်မနည်း သေဆုံး

ရုရှရဟတ်ယာဉ် ဆိုက်ဘေးရီးယားတွင် ပျက်ကျ၊ ၁၉ ဦးထက်မနည်း သေဆုံး

အောက်တိုဘာ ၂၂ ။                  ။ ဆိုက်ဘေးရီးယား အနောက်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၁ ရက်က ရုရှရဟတ်ယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး ၁၉ ဦး သေဆုံးသွားကြောင်း ရုရှစုံစမ်းစစ်ဆေးရေး ကော်မတီက အောက်တိုဘာ ၂၂ ရက်တွင် ပြောသည်။

လူပေါင်း ၂၂ ဦးထိ လိုက်ပါလာသော Mi-8 ရဟတ်ယာဉ်မှာ အောက်တိုဘာ ၂၁ ရက်ညပိုင်းက Novy Urengoy မြို့ပြင်၌ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ၁၉ ဦးမှာ ဒဏ်ရာများရရှိကာ အခင်းနေရာ မှာပင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဆိုက်ဘေးရီးယားဒေသ Krasnoyarsk မှ Urengoy မြို့သို့ ပျံသန်းလာခဲ့စဉ် ပျက်ကျသွားခဲ့ဖြစ်သည်ဟု သိရသည်။

အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများကို ရဟတ်ယာဉ်ပျက်ကျရာ နေရာသို့ စေလွှတ်ခဲ့ပြီးနောက် အပျက်အစီးအများကြားမှ သုံးဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

အသက်ရှင် လွတ်မြောက်သူများကို Novy Urengoy မြို့ ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးထားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။ ယခုအချိန်ထိ ရဟတ်ယာဉ်ပျက်ကျရခြင်း၏ အဓိက  အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတု ဆိုးရွားမှုတို့ကြောင့် ပျက်ကျခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required