ဇာဘီဗာကာအမည်ရ ဝံပုလွေရုပ်ကို ကမ္ဘာ့ဖလား လာဘ်ကောင်အဖြစ် ရုရှရွေးချယ်

ဇာဘီဗာကာအမည်ရ ဝံပုလွေရုပ်ကို ကမ္ဘာ့ဖလား လာဘ်ကောင်အဖြစ် ရုရှရွေးချယ်

အောက်တိုဘာ ၂၂၊ မော်စကို။                     ။ ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် ရုရှသည် ဇာဘီဗာကာဟု အမည်ပေးထားသော ဝံပုလွေရုပ်ကို ကမ္ဘာ့ဖလား လာဘ်ကောင်ရုပ်အဖြစ် ရွေးချယ်လိုက်သည်။

မဲစနစ်ဖြင့် တစ်လကြာ ရွေးချယ်ခဲ့ရာတွင် ဝံပုလွေအရုပ်က မဲ ၅၃ ရာခိုင်နှုန်း၊ ကျားရုပ်က ၂၇ ရာခိုင်နှုန်းနှင့် ကြောင်ရုပ်က ၂၀ ရာခိုင်နှုန်းရရှိခဲ့သည်။

“ဇာဘီဗာကာဟာ ၂၀၁၇ တိုက်ကြီးများဖလားပြိုင်ပွဲနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပရိသတ်တွေအကြား အကြီးအကျယ် ရေပန်းစားမှာ သေချာပါတယ်”ဟု ရုရှအားကစားဝန်ကြီး ဗိုက်တယ်လီ မတ်ကိုကပြောသည်။

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကလည်း “လာဘ်ကောင်ရုပ်တွေဆိုတာ ပြိုင်ပွဲသံတမန်ကောင်းတွေ ဖြစ်ကြပြီး အားကစား ကွင်းတွေဆီကို ပျော်ရွှင်စရာတွေ အများကြီး ဆောင်ယူလာပါလိမ့်မယ်” ဟု  ဖြည့်စွက်ပြောဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required