ရန်ကုန် ရေလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ရေသန့်စင်မှုစနစ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်း ၉၈ ရာခိုင်နှုန်း ပြီးစီး

ရန်ကုန် ရေလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ရေသန့်စင်မှုစနစ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်း ၉၈ ရာခိုင်နှုန်း ပြီးစီး

ရန်ကုန်၊ အောက်တိုဘာလ ၂၂၊ ၂ဝ၁၆ ။                  ။ ရန်ကုန်မြို့နေ ပြည်သူများ၏ ရေလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် ရေသန့်စင်မှုစနစ်ဖြင့် ၂ဝ၁၃ခုနှစ် ဧပြီလ ၄ ရက်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းမှာ လက်ရှိတွင် ၉၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှုဌာန) ဌာနခွဲမှူး ဦးဇော်မင်းက ပြောသည်။

အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့၊ Myanmar Event Park(MEP) တွင် ရေနှင့် စွမ်းအင် စက်မှုလုပ်ငန်း ပြပွဲများဖြစ်သည့် Myanmar Water 2016 နှင့် Renewable Energy Myanmar 2016 ပြပွဲ အခမ်းအနားတွင် အဆိုပါ စီမံကိန်းကို လာရောက်ပြသစဉ် ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ဒီစီမံကိန်းရဲ့ ရေအရင်းအမြစ်ကတော့ လဂွန်းပြင် ဆည်ကရေကို ကျွန်တော်တို့ တူးမြောင်းနဲ့ သယ်ယူလာပြီး တော့ ရေသန့်စင်မှု အဆင့်ဆင့်ကို အနည်ထိုင်စေတဲ့ နည်းလမ်းတွေ၊ သဲအမြန်ရေစီးခံခြင်း နည်းလမ်းတွေနဲ့ ရေစစ်ပြီးတော့မှ ရရှိလာတဲ့ ရေသန့်တွေကို ကလိုရင်းခတ်ပြီးတော့ ရန်ကုန်မြို့နေ ပြည်သူများအတွက် ပေးဝေသွားမှာဖြစ်ပါတယ် " ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက ရေဂါလံ သန်း ၄ဝ ခန့် ထွက်ရှိမည်ဖြစ်ပြီး ထွက်ရှိလာသော ရေဂါလံများကို ပထမဦးဆုံး အ နေဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်းအတွက် ၆ သန်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းအတွက် ၇ သန်း၊ ဒဂုံမြို့ သစ် တောင်ပိုင်း အ တွက် ၇ သန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း ယုဇနမြို့တော် အပါအဝင် ၆ သန်း၊ သာင်္ကေတမြို့နယ် ၃ သန်း၊ ဒေါပုံမြို့နယ် ၁ သန်း နှင့် သီလဝါစက်မှုဇုန်အတွက် ၁ဝ သန်း ၊ စုစုပေါင်း ရေဂါလံ သန်း ၄ဝကိုပေးဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှာ ၂ဝ၂၁ ခုနှစ်တွင် ပြီးဆုံးမည်ဆိုသော်လည်း ယာယီအနေဖြင့် ၂ဝ၁၈ နှစ်မှ စတင်ကာ ပေးဝေသွား မည်ဖြစ် ကြောင်းလည်း သိရသည်။

အဆိုပါ စီမံကိန်းကို ဂျိုက်ကာနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဂျပန်ပညာရှင်များ၏ စီမံကိန်းဒီဇိုင်းကို တာဝန်ယူထားပြီး စီမံကိန်းအတွင်းပိုင်းရှိ တည်ဆောက်ပုံ ဒီဇိုင်းများမှာ အင်ဂျင်နီယာဌာနမှ   မြန်မာအင်ဂျင်နီယာများဖြင့် တွက်ချက်ပြီး တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့် ရှင်းမှုဌာန) ဌာနခွဲမှူး ဦးဇော်မင်း ပြောပြချက်အရ သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly