မန်စီးတီးတွင် အဂူရိုနှင့်ကွန်ပီနီတို့ အနာဂါတ်ရှိနေဆဲဟု ဂွာဒီယိုလာပြော

မန်စီးတီးတွင် အဂူရိုနှင့်ကွန်ပီနီတို့ အနာဂါတ်ရှိနေဆဲဟု ဂွာဒီယိုလာပြော

အောက်တိုဘာ ၂၂၊ မန်ချက်စတာ။           ။ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတွင် တိုက်စစ်မှူးအဂူရိုနှင့် နောက်ခံလူ ကွန်ပနီတို့၏အနာဂါတ်ဆက်ရှိနေဆဲဖြစ်ကြောင်း နည်းပြ ဂွာဒီယိုလာက ပြောသည်။

နှစ်ဦးစလုံးမှာ ချန်ပီယံလိဂ်တွင် ဘာစီလိုနာကိုရှုံးသည့်ပွဲ၌ ပါဝင်ခဲ့ခြင်းမရှိဘဲ ကွန်ပနီမှာ အရန်ကစားသမားစာရင်း၌ပင် ပါဝင်လာ ခြင်းမရှိရာ ဂွာဒီယိုလာ၏အစီအစဉ်များထဲတွင် ယင်းကစားသမားများမပါတော့ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

သို့သော် စပိန်လူမျိုးဂွာဒီယိုလာက “ကွန်ပနီက ကြံ့ခိုင်မှုကောင်းဆုံးအနေအထားကို မရောက်သေးပါဘူး။ အဂူရိုကတော့ နည်းစနစ်ပိုင်းအရချန်ထားတယ်ဆိုတာ ပွဲအပြီးမှာ ကျွန်တော်ပြောခဲ့ပြီးပါပြီ။

တကယ်လို့ အဂူရို အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ အဲဒါ သူ့ဆုံးဖြတ်ချက်အရပဲဖြစ်ပါတယ်”ဟု ပြောသည်။

တနင်္ဂနွေနေ့တွင် အီတီဟတ်ကွင်း၌ ဆောက်သမ်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဇာဘလက်တာနှင့် ဆက်ဂ်နာတို့ မှာ ဒဏ်ရာကြောင့်ပါဝင်နိုင်မည်မဟုတ်ဟုလည်း ဂွာဒီယိုလာက အတည်ပြုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required