ဒူတာတေး၏ ခွာပြဲရေးစကားအတွက် အမေရိကန်က ရှင်းလင်းချက်တောင်းမည်

ဒူတာတေး၏ ခွာပြဲရေးစကားအတွက် အမေရိကန်က ရှင်းလင်းချက်တောင်းမည်

မနီလာ၊ အောက်တိုဘာ ၂၂ ။                      ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ ရေရှည်မဟာမိတ်နှင့် ခွာပြဲပြီဆိုသော မှတ်ချက်စကားကြောင့် ခေါင်းစားစရာ ဖြစ်ရကြောင်း အမေရိကန်က ပြောပြီး လာမည့် သီတင်းပတ်ကုန်တွင် မနီလာသို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူ ရောက်ရှိစဉ် ယင်းကိစ္စအတွက် ဖြေရှင်းချက် တောင်းမည်ဖြစ်ကြောင်း ဆိုသည်။

သမ္မတဒူတာတေးက အောက်တိုဘာ ၂၁ ရက်တွင် အဆုံးသတ်သည့် လေးရက်တာတရုတ်ခရီးစဉ်အတွင်း အမေရိကန်ဆန့်ကျင်သည့် မှတ်ချက်ပြုစကားကို ပြောဆိုခဲ့ခြင်းဖြစ်ရာ နှစ်နိုင်ငံကြား အလွန်ရင်းနှီးသည့် ဆက်ဆံရေးအတွက် အတွေးခက်သည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က ပြောသည်။

“အမေရိကန်နှင့် ခွာပြဲသည့်အကြောင်း မည်သည့် အဓိပ္ပာယ်မျိုးဖြင့် ပြောဆိုခြင်းကို ရှင်းလင်းချက်ရအောင် လုပ်မှာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၀ ရက်က ပေကျင်းရှိ စီးပွားရေဖိုရမ်တွင် ဒူတာတေးက “အမေရိကန်နဲ့ စစ်ရေးသာမက စီးပွားရေးတွင်ပါ ခွာပြဲကြောင်း” ပြောဆိုကြေညာပြီး နိုင်ငံအနေဖြင့် တရုတ်နှင့်လည်းကောင်း၊ ရုရှနှင့်လည်းကောင်း မဟာမိတ်ဖွဲ့သွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခင်ဗျားတို့ရဲ့ အယူအဆရေးရာကြောင့် ကျွန်တော့် ဦးတည်ချက်တွေ ပြောင်းလဲရတယ်။ ကျွန်တော်အနေနဲ့ ရုရှကို သွားဖြစ်ပြီး ပူတင်ကို ပြောဖြစ်ကောင်း ပြောဖြစ်မယ်။ ကမ္ဘာ့နဲ့ယှဉ်ပြီး ကျွန်တော်တို့ တရုတ်၊ ဖိလစ်ပိုင်နဲ့ ရုရှ သုံးနိုင်ငံရှိနေတယ်ဆိုတာကိုပါ။ ဒီလမ်းကြောင်းအတိုင်းပဲဖြစ်ရမှာပဲ။”ဟု ဒူတာတေးက ပြောသည်။

အဆိုပါ မှတ်ချက်ပြုစကားမှာ ပေကျင်းသို့ ဒူတာတေး ရောက်ရှိပြီး ဖိလစ်ပိုင်အသိုင်းအဝန်းနှင့် တွေ့ဆုံစဉ်က အမေရိကန်ကို ရည်ညွန်းပြီး “နှုတ်ဆက်ဖို့ အချိန်ကျပြီ၊ မိတ်ဆွေ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့နိုင်ငံထဲမှာ နေတာကတော့ ကိုယ့်သဘောနဲ့ကိုပါပဲ။”ဟု ပြောခဲ့ပြီးနောက်တစ်ရက်၌ ယခုမှတ်ချက်ပြု စကားကို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required