ဖိလစ်ပိုင်မှာ တိုက်ဖုန်းမုန်တိုင်း ဟိုင်မားကြောင့် သေဆုံးသူ (၁၂) ဦးထိ မြင့်တက်

ဖိလစ်ပိုင်မှာ တိုက်ဖုန်းမုန်တိုင်း ဟိုင်မားကြောင့် သေဆုံးသူ (၁၂) ဦးထိ မြင့်တက်
(ဓာတ်ပုံ - အီးပီအေ)

ဖိလစ်ပိုင်မှာ တိုက်ဖုန်းမုန်တိုင်း ဟိုင်မားကြောင့် သောကြာနေ့က သေဆုံးသူ (၁၂) ဦးထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါမုန်တိုင်းဟာ ကြာသပတေးနေ့က ဖိလစ်ပိုင် မြောက်ပိုင်းကို လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ ဝင်ရောက်ခဲ့တာကြောင့် ရေကြီးပြီး အခြေခံ အဆောက်အဦတွေနဲ့ စိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ပါတယ်။

စူပါတိုင်ဖုန်းဟိုင်မားဟာ ကြာသပတေးနေ့က မြောက်ပိုင်း လုဇွန်ကို လေတိုက်နှုန်း တစ်နာရီ (၂၂၅) ကီလိုမီတာနဲ့ မိုးသည်းထွန်စွာ ရွသွန်းမှုနှင့်အတူ ဝင်ရောက်ခဲ့ပါတယ်။

လုဇွန်ရဲ့ Cordillera ဒေသမှာ လူ (၈)ဦး သေဆုံးကြောင်း သဘာဝဘေးအန္တရာယ်လျော့ပေါ့ရေး အေဂျင်စီရဲ့ ဦးစီး ရီကာဒိုဂျာဝက်က ABS-CBN ရုပ်သံကို ပြောပါတယ်။

Benguet ပြည်နယ် တောင်တန်းရှိ လာထရီနီဒက် ကျေးရွာမှာ မြိုပြိုမှုကြောင့် ဆောက်လုပ်ရေးသမား နှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ Ifugao ပြည်နယ်က ရေကြီးမှုကြောင့် သေဆုံးခဲ့ကြောင်းလည်း Inquirer သတင်းစာက ဖော်ပြထားပါတယ်။

ပျက်စီးထိခိုက်မှုတွေ ဆက်ရှိနေပြီး ပျက်စီးမှု ကျယ်ပြန့်နေရာတွေကတော့ စိုက်ပျိုးမြေနေရာများဖြစ်လိမ့်မယ်လို့ အာဏာပိုင်များက ဆိုပါတယ်။

မုန်တိုင်း ဟိုင်မားဟာ ဟိုင်ယန်းစူပါ တိုင်ဖုန်းနောက်ပိုင်း အင်အားပြင်းမုန်တိုင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလက ဖျက်အားအကြီးမားဆုံး မုန်တိုင်းထဲက တစ်ခုဖြစ်တဲ့ ဟိုင်ယန်းစူပါ တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း (၆၃၀၀) သေဆုံး၊ (၁၀၀၀) ဦးကျော် ပျောက်ဆုံးခဲ့ပြီး လူ (၁၄) သန်း ထိခိုက်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မုတ်သုန်ရာသီဖြစ်တဲ့ ဇွန်လအစနှင့် နိုဝင်ဘာလကုန်မှာ တိုင်ဖွန်းမုန်တိုင်း ၁၅ ခုနှင့် ၂၀ ခုကြား ဝင်ရောက်တိုက်ခတ်လေ့ရှိတာကို တွေ့ရပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required