ရီးယဲလ်နဲ့ (၂)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူလိုက်တဲ့ ဗာကွက်ဇ်

ရီးယဲလ်နဲ့ (၂)နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူလိုက်တဲ့ ဗာကွက်ဇ်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း ညာတောင်ပံကစားသမား လူးကပ်ဗာကွက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူ ကာဗာဟယ်ဟာ ရီးယဲလ်နဲ့ သူရဲ့ကစားသမားတို့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း စပိန်တီဗွီသတင်းဌာန Cuatro က ဖော်ပြသွားပါတယ်။

လူးကပ်ဗာကွက်ဇ်ဟာ ဇီဒန်းလက်အောက်မှာ တိုးတက်လာမှုကို ပြသနိုင်တာကြောင့် လက်ရှိ စာချုပ်ကို (၂) နှစ်တိုးပြီး ချုပ်ဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဇီဒန်းရဲ့ ယုံကြည်မှုကို ရရှိနေတဲ့ ဗာကွက်ဇ်ဟာ ပုံမှန်ခြေစွမ်းပြသနေပြီး ဒီရာသီမှာ လာလီဂါ ၇ ပွဲ၊ ချန်ပီယံလိဂ် ၂ ပွဲနှင့် ယူအီးအက်ဖ်အေ စူပါဖလား ဖိုင်နယ်ပွဲအပါအဝင် စုစုပေါင်း (၁၀) ပွဲ ပွဲထွက် ပါဝင်ကစားပေးထားခဲ့သူဖြစ်ပါတယ်။

ရီးယဲလ်လူငယ်အသင်းမှ ဗာကွက်ဇ်ဟာ ၂၀၁၄ ခုနှစ်က အက်စပန်ညိုအသင်းဆီ အဌားချထားခံရပြီးနောက် ရီးယဲလ်အသင်းကို ပြီးခဲ့ရာသီက အသင်းဆီ ၅ နှစ် စာချုပ် ချုပ်ဆိုပြီး ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Ref; AS

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required