ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းကြောင့် ၂၀၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ကျင်းပနိုင်ခြင်း မရှိ

ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခြင်းကြောင့် ၂၀၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ကျင်းပနိုင်ခြင်း မရှိ
(ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၇ရက်နေ့အထိ လက်ခံကျင်းပရန် သတ်မှတ်ထားပေမယ့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံမကျင်းပနိုင်တာဖြစ်ပါတယ်။

ပြိုင်ပွဲကို အခြား ပြိုင်ပွဲဝင် နိုင်ငံများမှ အိမ်ရှင်အဖြစ် လက်ခံရန် အာဆီယံဘောလုံး အဖွဲ့ချုပ်မှ ဆန္ဒတောင်းခံခဲ့ပေမယ့် ကျင်းပမယ့် နိုင်ငံ ထွက်ပေါ်လာခြင်း မရှိတာကြောင့် အခုလိုပြိုင်ပွဲအား ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required