တိုင်ဖုန်းမုန်တိုင်း ဟိုင်မာ ချဉ်းကပ်လာနေ၍ ဟောင်ကောင်တွင် သတိပေးချက်များ ထုတ်ပြန်

တိုင်ဖုန်းမုန်တိုင်း ဟိုင်မာ ချဉ်းကပ်လာနေ၍ ဟောင်ကောင်တွင် သတိပေးချက်များ ထုတ်ပြန်
ဓာတ်ပုံ-အီးပီအေ

အောက်တိုဘာ ၂၁ ။             ။ ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်နေခဲ့သည့် စူပါတိုင်ဖုန်းမုန်တိုင်း ဟိုင်မာ များမကြာမီအချိန်အတွင်း ဟောင်ကောင်သို့ ဝင်ရောက်တိုက်ခတ်ရန် ရှိနေရာ ယခုအခါ အဆင့်-၈ မုန်တိုင်းသတိပေးချက်တစ်ခု ထုတ်ပြန်ထားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုရာသီအတွင်း အင်အားအပြင်းဆုံးသော အပူပိုင်းမုန်တိုင်းဖြစ်သော ဟိုင်မာမုန်တိုင်း ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်သွားခဲ့ရာ လူပေါင်း ၁၂ ဦးအထိ သေဆုံးခဲ့ရသကဲ့သို့ သီးနှံစိုက်ခင်းများစွာ ရေနစ်မြုပ်ပျက်စီးသွားခဲ့ရသည်။

မုန်တိုင်း၏အရှိန်ကြောင့် လေတိုက်နှုန်းမှာလည်း တစ်နာရီလျင် ၁၄၅ ကီလိုမီတာ (တစ်နာရီ မိုင် ၉၀) အထိ ရှိနိုင်မည်ဟု ယူဆရသည်။

ယခုအခါ ဟောင်ကောင်မိုးလေဝသစောင့်ကြည့်အဖွဲ့က မုန်တိုင်းသတိပေးချက် အဆင့်-၈ ဟု သတ်မှတ်ကာ ထုတ်ပြန်သတိပေးထားသည်။ ယင်းအဆင့်မှာ ဒေသရာသီဥတုစနစ်အတွက် တတိယမြောက်အမြင့်ဆုံးသတိပေးချက်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required