အိန္ဒိယတွင် တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသော ရဲများအတွက် အောက်မေ့သတိရခြင်း အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ

အိန္ဒိယတွင် တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားသော ရဲများအတွက် အောက်မေ့သတိရခြင်း အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ
ဓာတ်ပုံ-အီးပီအေ

အောက်တိုဘာ ၂၁ ။              ။ ၁၉၅၉ ခုနှစ်က တရုတ်စစ်သားများ၏ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အိန္ဒိယရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို နှစ်စဉ်အောက်တိုဘာ ၂၁ ရက် ကျရောက်တိုင်း အိန္ဒိယတွင် ကျင်းပလာခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းအခမ်းအနားကို ကျင်းပခဲ့သည်။

 အဆိုပါ နေ့အခမ်းအနားကို ၁၉၆၀ ခုနှစ်ကစပြီး နိုင်ငံတွင် တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက အမျိုးသားအဆင့်ဖြင့် နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ယင်းအထိမ်းအမှတ်အခမ်းအနားတွင်လည်း နိုင်ငံအလယ်ပိုင်းမြို့တော် Bhopal တွင် ရဲဝန်ထမ်းပေါင်း ရာပေါင်းများစွာနှင့် ပြည်သူများပူးပေါင်းပါဝင်ကာ ကျင်းပခဲ့သည်။

နံနက် ၈ နာရီတွင်စတင်ခဲ့သည့် ယင်းအခမ်းအနားတွင် ရဲတပ်ဖွဲ့ဝင် ၃၀၀ ချီတက်ခဲ့ကြပြီး နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည့် ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုပေးခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required