CNBLUE အဖွဲ့၏ “Euphoria” တေးအယ်လ်ဘမ် Oricon တေးဂီတ ဇယားတွင် ထိပ်ဆုံးမှရပ်တည်

CNBLUE အဖွဲ့၏ “Euphoria” တေးအယ်လ်ဘမ် Oricon တေးဂီတ ဇယားတွင် ထိပ်ဆုံးမှရပ်တည်

ဆိုးလ် ၊ အောက်တိုဘာ ၂၁ ။               ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ CNBLUE အဖွဲ့၏  ပဉ္စမမြောက် တေးအယ်လ်ဘမ်  “Euphoria” သည် Oricon  တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“Euphoria” တေးအယ်လ်ဘမ်၏ ခေါင်းစီးတေးသီချင်း “Glory Days” သည် ထုတ်လွှင့်ခဲ့သည့်နေ့တွင် တေးဂီတဇယား၌ ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သည်။

“Euphoria” တေးအယ်လ်ဘမ်တွင် ခေါင်းစီးတေးသီချင်း “Glory Days” အပါအဝင် တေးသီချင်း ဆယ်ပုဒ် ပါဝင်ကြောင်း နှင့် “Glory Days” တေးသီချင်းကို အဖွဲ့ဝင် ဂျောင်ယောင်ဟွာက   ရေးစပ်ထားသည်။

CNBLUE အဖွဲ့သည် “CNBLUE 5 th Anniversary Arena Tour 2016 – Our Glory Days” ဟု အမည် ပေးထားသော ဂျပန်နိုင်ငံ ဖျော်ဖြေရေးခရီးစဉ်ကို နိုဝင်ဘာ နှစ်ရက်တွင် ဂျပန်နိုင်ငံ ချီဘာဒေသတွင် စတင်သွားမည်ဖြစ်ပြီး အိုဆာကာ ၊ နိုဂိုယာ ၊ ဖူကူအိုကာ နှင့် တိုကျို ကဲ့သို့သော မြို့ကြီးများတွင်လည်း ဖျော်ဖြေသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required