ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (နိဂုံးပိုင်း)

ချင်းပြည်နယ် အစိုးရအဖွဲ့ ရက် ၁၀၀ အတွင်း ဆောင်ရွက်ချက်များအား ပြန်လည် သုံးသပ်ခြင်း (နိဂုံးပိုင်း)

အခု ဒိုင်ယာလော့အစီအစဉ်မှာ သုံးသပ်ချက်အရ နောက်ဆုံးမှာ ချင်းပြည်နယ်က Public Relation ပေါ့။ Public Relation က အဓိက အရေးကြီးနေပါတယ်။ အဓိကအရေးကြီးနေတဲ့အချိန်မှာ လမ်းပန်းဆက်သွယ်ရေးတင် မဟုတ်ဘူး။ ခုနကလို ချင်းပြည်နယ်အစိုးရဘက်က စိန်ခေါ်ချက်တွေ ခုနက ဆရာမပြောသွားသလို ပြည်သူဘက်က လိုအပ်ချက်တွေ အဲဒီနှစ်ခုကြားထဲမှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် Communication ဖြစ်နိုင်ဖို့ Public Relation တစ်ခုက အရေးကြီးနေပါတယ်။

အဲဒီတော့ ဆရာ အိုက်ဇက်ခင်ကတော့ Public Relation မှာ ပြောသွားတာ တော်တော်ကောင်းပါတယ်။ ပြီးတော့ Communication ကောင်းတယ်။ ခဏခဏ ဆရာ့ရဲ့ Activity တွေ တင်ပေးတဲ့အတွက်ကြောင့် ဆရာက ပြည်မမီဒီယာတွေရဲ့ ပစ်မှတ်တောင် ဖြစ်လာပါတယ်။ တစ်ခုခုဆိုရင် ဆရာအိုက်ဇက်ကိုပဲ လှမ်းလှမ်းမေးတယ်။ အဲဒီတော့ ဆရာ့အနေနဲ့ ဆွေးနွေးပေးစေချင်တာက အစိုးရတစ်ခုလုံးအနေနဲ့ ဒီ Communication ကို ချင်းပြည်နယ် ပြည်သူတွေတင်မကဘူး ပြည်မထိရောက်အောင် ဘယ်လိုမျိုးတွေ လုပ်သင့်တယ်လို့ ဆရာ့အနေနဲ့ မြင်ပါသလဲ။

ကျဲအိုဘိထောင်း

အဲဒီတော့ နိုင်ငံတစ်နိုင်ငံမှာ Multi Party System ဖြစ်တော့ အတိုက်အခံဆိုတာကိုလည်းပဲ Operation ဆိုတာကိုလည်းပဲ ဒါက မစိမ်းပါဘူး။ အဲတော့ ကျွန်တော်တို့က တကယ်တော့လည်းပဲ ပါတီရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့ စာတမ်းထုတ်ပါတယ်။ ကျွန်တော်တို့ NLD အစိုးရကို တစိုက်မတ်မတ် ရပ်တည်ပေးမယ်။ ပြောမယ်ဆိုလု့ိရှိရင် ကျွန်တော်တို့ပါတီရဲ့ သဘောထားကတော့ ကြံ့ခိုင်ရေးအစိုးရထက် NLD အစိုးရကို ပိုပြီးတော့ သဘောကျတယ်။ လိုလားတယ်ပေါ့။ အဲတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ရပ်တည်ပေးမယ်။ သို့သော်လည်းပဲ နိုင်ငံတစ်နိုင်ငံမှာ Check and Valance ရှိဖို့လိုတယ်။ Operation တစ်စုံတစ်ရာ မရှိတဲ့နိုင်ငံက ရေရှည်မှာ မကောင်းဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့လည်းပဲ ဒါကို ဒီမိုကရေစီ ယဉ်ကျေးမှုအနေနဲ့ပဲ လုပ်တာပါ။ ဒီအစိုးရကို တိုက်ခိုက်ပြီးတော့ လုပ်ငန်းစဉ်ကို ရှေ့မသွားနိုင်အောင်လို့ အတိုက်အခံလုပ်နေတာ မဟုတ်ပါဘူး။ အဲတော့ ခုနက မေးတဲ့ဟာကို ကျွန်တော် နဲနဲလေးမေးလိုက်မယ်။ ကျွန်တော်က နှစ်ဖက်နဲ့ ယှဉ်ပြီးတာ့ ပြောနိုင်အောင် ကြိုးစားသွားမှာပါ။ အဲတော့ ချင်းပြည်နယ်အစိုးရက ကျွန်တော်တို့ ဒီ Public Relation အထူးသဖြင့် ဆရာ အိုက်ဇက်ခင်ရဲ့ ကျေးဇူးတွေလည်း ပါတာပေါ့နော်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့တွေ အွန်လိုင်းတွေ ဖွင့်ထားတာရှိတယ်။ သူကိုယ်တိုင်လည်းပဲ သတင်းထုတ်ပြန်တာတွေရှိတယ်။ ပြီးတော့ သူကိုယ်တိုင်လည်းပဲ ပြောရေးဆိုခွင့် ရှိတဲ့သူဖြစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ နောက် ဒီ ချင်းပြည်နယ်အစိုးရကလည်းပဲ Facebook မီဒီယာ ရှိတယ်ပေါ့လေ။ ဒါက ကျွန်တော်သိသလောက်ဆိုရင် တချို့ ပြည်နယ်နဲ့ တိုင်းအားလုံးမှာတော့ တချို့တွေရှိတယ်။ တချို့တွေမရှိဘူး။ အဲဒီထဲမှာမှ ရှိတဲ့အထဲမှာ သူပါတယ်ပေါ့နော်။ တချို့ပြည်နယ်တွေမှာဆိုရင် လွှတ်တော်ဝက်ဆိုဒ်တွေတောင်မှ ရှိကြတယ်။ ချင်းပြည်နယ်အစိုးရက မီဒီယာထဲမှာ နံပါတ်တစ်တော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတဲ့ဟာ မဟုတ်ဘူးလို့တော့ ကျွန်တော် ယူဆပါတယ်။

မဇ္ဈိမ

အခု ဆရာရှင်းပြသွားသလိုပါပဲ မီဒီယာနဲ့ ပတ်သက်ပြီးတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ ဘယ်လောက်ထိ ဆရာတို့ဆီမှာ Smooth ဖြစ်နေပါသလဲ။

ဆလိုင်းအိုက်ဇက်ခင်

စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး၊ ချင်းပြည်နယ်။

ကျွန်တော့်သဘောကတော့ လောလောဆယ် ချင်းမီဒီယာနဲ့ပဲဖြစ်ဖြစ် တခြားမီဒီယာနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဘာမှ အဖုအထစ် မရှိဘူးလို့ ကျွန်တော်မြင်တယ်။ နားလည်မှုတစ်ခုတော့ တည်ဆောက်ရတာပေါ့။ အထူးသဖြင့် ကျွန်တော်အနေနဲ့ကတော့ ဒီ Process တစ်ခုလုံးမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အခါကျတော့ ဟိုဘက်ဒီဘက် ကြားမှာနေပြီး ညှိပေးရတဲ့အခါကျတော့ အဓိကတော့ နားလည်မှုပဲဗျ။ အစောပိုင်းက ကျွန်တော် ပြောခဲ့သလိုပဲ ဌာနဆိုင်ရာတွေနဲ့တောင် ဘယ်သူက ဘယ်သူ့ကို ချကြသေးတဲ့ဟာကို မီဒီယာတွေဘက်ကလည်း သူတို့က တချို့ ရေးတဲ့ပြုတဲ့နေရာမှာ လူကြီးတချို့က သဘောမကျနိုင်တာတွေလည်း ရှိခဲ့တယ်။ အဲဒီ သဘောမကျနိုင်တဲ့ဟာတွေကလည်း အထူးသဖြင့် အဲတော့ ကျွန်တော်ဘက်ကတော့ အကုန်ဖွင့်ပေးတယ်လို့ ထင်တာပဲ။ တကယ့်တကယ်လည်း ဖွင့်လည်းဖွင့်ပေးတယ်။ စနစ်တကျ မဖြစ်ခဲ့တာလား အဲဒါကို မီဒီယာတွေဘက်ကလည်း သဘောမပေါက်တာလားတော့ မပြောတတ်ဘူး။ ဝန်ကြီးချုပ်ဆိုရင် အစည်းအဝေးထိုင်ရင်း ဖုန်းဆက်ရင်း ဖြေတယ်ဗျာ။ ဝန်ကြီးချုပ်ကိုယ်တိုင် ဖြေပေးတယ်။ သို့သော်လည်းပဲ အဲဒီမှာ တစ်ချို့ Information တွေက နဲနဲ လွဲချော်တဲ့ဟာတွေ ဖြစ်တဲ့အခါကျတော့ နဲနဲ နှစ်ဖက် ပြောရရင်တော့ နားလည်မှု လွဲကြတယ်ပေါ့။

အဲတော့ တရားစွဲမယ်ဆိုတဲ့ကိစ္စတွေလည်း အသံထွက်ပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီအချိန်တောတွင်းရရော ဒီနေ့အချိန်ထိရော အခုလည်းပြောပါတယ် တရားစွဲဖု့ိ အစီအစဉ် ဘာမှမရှိပါဘူး။ ကျွန်တော်တို့တွေ တွေ့ဆုံပြီးတော့မှ ရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ အဲတော့ တစ်ဖက်ကလည်း ကောင်းတာတစ်ခုက အဲတော့ မီဒီယာဘက်ကိုလည်း တောင်းဆိုတယ် ဒါဆိုရင် Contact Person က ဘယ်သူလဲဆိုတဲ့ဟာကို တောင်းဆိုပါတယ်။ အဲတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ဘက်ကလည်း ဒါကို တာဝန်ရှိရှိ ဆုံးဖြတ်ပေးပါတယ်။ အဲတော့ ပြောရေးဆိုခွင့် အစိုးရ ပေါ်လစီနဲ့ပတ်သက်ရင် နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လာရင် ဒါ စည်ပင်ဝန်ကြီးက ပြောစရာရှိမယ်။ အလုပ်တွေနဲ့ပတ်သက်ရင် ပြည်နယ်အစိုးရအဆင့် အတွင်းရေးမှူးက ဖြေမယ်ဆိုတာကို ကျွန်တော်တို့ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

အဲတော့ ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရသည် အဲဒီလိုဖြစ်မှပဲ Respond လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ မေလကတည်းက ကိုမြင့်ကျော်တို့ မအိမ့်ခိုင်ဦးတို့နဲ့ ကျွန်တော်တို့ စပြီးတော့ ဆွေးနွေးပြီးသားဖြစ်တယ်။ ချင်းပြည်နယ်သတင်း အပြင်ရောက်ဖို့ အပြင်သတင်း ချင်းပြည်နယ်ကိုရောက်ဖို့ ကျွန်တော်တု့ိ ဘယ်လိုလုပ်ကြမလဲ ဆိုတော့ စကတည်းက ချင်းပြည်နယ်အစိုးရသည် Public Relation မီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က စပြီးတော့ လုပ်ထားတာဖြစ်တယ်။ အဲတော့ အဲဒီကြားထဲမှာ ဒါက ထပ်ဖြစ်တဲ့အခါကျတော့ တကယ့်တကယ်တော့ အဲလိုဖြစ်လို့ ချင်းပြည်နယ်အစိုးရဘက်က ပုံစံပြောင်းတာမဟုတ်ဘူး။ စကတည်းက ဒီဟာက ရှိနေပြီးသား။

ဆိုတော့ အဲဒါဖြစ်တဲ့အခါမှာ ဒီနေ့အထိလည်း ကျွန်တော်တို့ တစ်စုံတစ်ခု ဖြစ်လာရင် တည့်တည့်မေးပါ။ တိုက်ရိုက်မေးပါဆိုတာမျိုး ဖြစ်တယ်။ နောက်ဆုံး ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကအစ ဖြေလို့ရအောင် ခုနက ဆရာမ ပြောသွားသလိုပဲ ကျွန်တော်တို့ နေပြည်တော်ရောက်တဲ့အခါတိုင်းလည်း လုပ်ပါတယ်။ ဘာလုပ်နေသလဲ။ များသောအားဖြင့် သူတို့ နေပြည်တော်မှာ နေတဲ့အတွက်ကြောင့်မို့ မီဒီယာတွေ လွှွတ်တော်ဘက်ကို လမ်းပေးတဲ့အခါမျိုး သိအောင် အနည်းဆုံး ဘာလုပ်နေလဲဆိုတာကို သိအောင် ကျွန်တော်တို့ တင်ပြပါတယ်။ ကျွန်တော်တို့ အသိပေးပါတယ်။

တစ်ခါတစ်လေ ဝန်ကြီးတွေကိုယ်တိုင်သွားတယ်။ ဝန်ကြီးချုပ်တွေကိုယ်တိုင် တွေ့တယ်ပေါ့။ ဆိုလိုတာက ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့ တတ်နိုင်သမျှ အပြင်ကို ရောက်စေချင်လို့ အပြင်ကသတင်းလည်း ချင်းပြည်နယ်ကို ရောက်စေချင်တယ်။ တစ်ခါတစ်လေကျရင် Change က နေပြည်တော်မှာ ဘာပြောတယ်ဆိုတဲ့ ကိစ္စက ကျွန်တော်တို့ အောက်မှာမရောက်ဘူးဗျ။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများပေါ့ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများ တကယ့်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ တကယ် ရှေ့မှာ သူတို့ တော်တော်များများ မားမာမတ်မတ် ကျွန်တော်တို့ ပြည်နယ်အစိုးရရဲ့ အခက်အခဲများကို တော်တော်များများ သူတို့ ဒိုင်ခံရှင်းပေးတာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ် ရှိပါတယ်။ ဒီအကန့်အသတ်တွေကို အပေါ်ကနေ ပြောရင် လက်နက်ကြီးနဲ့ပေါလေ အဝေးကနေ လက်နက် ပစ်ကူ တောင်းရတာ သူတို့ဖြစ်ပါတယ်။ ဒါလေးတော့ တင်ပေးဦး ဒါလေးတော့ ပြောပေးဦးဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့ ဟန်ချက်ညီညီ လုပ်ပေးရတာဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့အနေနဲ့ ချင်းပြည်နယ်မှာ ပြည်နယ်အစိုးရရဲ့ လုပ်တဲ့ကိုင်တဲ့နေရာမှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များသည် အမြဲတမ်း တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ရှိတာဖြစ်တဲ့အတွက်ကြောင့် ဒါလည်း ကျွန်တော်အနေနဲ့ အားသာချက်လို့ ပြောရမလား လက်ရှိအနေအထားကတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။

သို့သော် Check Valance ဆိုတာ ရှိနေတာပဲ။ သူ့ဘာသာသူ လုပ်နေတာပဲ ကျွန်တော်တို့လည်း ဖြေနေရတာပဲ။ ဒါကတော့ ဝိုင်းပူးပေါင်းတယ်ဆိုတဲ့ အတွက်ကြောင့်မို့ နားလည်မှုနဲ့ အကုန်လုံးကို ဖြေပေးလိုက်တာမဟုတ်ဘူး။ အရင်တစ်ခေါက်က လူမှုရေးဝန်ကြီးဆိုရင်လည်း ချွေးပြန်အောင် သူ ဖြေနေရတာပဲလေ။ ဒါပေမယ့် ဒါပြီးရင်လည်း ကျွန်တော်တို့ အသေးစိတ် ပြန်ရှင်းပြရတဲ့ ကိစ္စတွေဖြစ်တယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ဒီမီဒီယာတွေနဲ့ ပတ်သက်ရင် ချင်းပြည်နယ်သည် မီဒီယာ အလွန်နည်းတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့အနေနဲ့က အပေါ်မှာဘာလုပ်သလဲ နောက်ဆုံး ကျွန်တော်တို့ ဘာလုပ်သလဲဆိုရင် ကျွန်တော်တို့ဒီ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ မေးတဲ့အခါ ပြည်ထောင်စုလွှတ်တော်ကြီးတွေ ဖြေခဲ့တဲ့ဟာ ဒါတွေကို ကျွန်တော်တို့က Cute လေးတွေလုပ် မိတ္တူကူးပြီးတော့ နယ်ဆင်းတဲ့အခါ သက်ဆိုင်ရာတွေကို ပြန်ပေးရတယ်။ တခြား ပြည်နယ်နဲ့တိုင်းတွေမှာ ရှိ မရှိတော့ ကျွန်တော် မပြောတတ်ဘူး။ အဲတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ ကိုယ့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကြီးတွေဖြေတဲ့ မေးတဲ့မေးခွန်းကို ပြည်ထောင်စုဝန်ကြီးတွေဖြေတဲ့ အဖြေတွေကို မိတ္တူကူးပြီးတော့ သူ့မြို့ရောက်တဲ့အခါမှာ ဒါတွေနော် ဒို့မေးထားပြီးပြီ ဆိုတဲ့ဟာမျိုးကို လုပ်ပြတဲ့ကိစ္စတွေ ရှိပါတယ်။ ဒါကတော့ အထူးသဖြင့် မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့လေ သို့သော် အားနည်းချက်တော့ ရှိနိုင်ပါတယ်လေ။ ကျွန်တော်တို့ အကောင်းဆုံးတော့ ကြိုးစားပေးပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ ဆရာအနေနဲ့ နောက်ဆုံးအနေနဲ့ အခု ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ နောက်ဆုံး ဘာတွေများ ပြောချင်ပါသေးလဲ။

ဆလိုင်းအိုက်ဇက်ခင်

စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး၊ ချင်းပြည်နယ်။

အကုန်လုံးအတွက် ပြောလို့ရလား။

မဇ္ဈိမ

ဟုတ်ကဲ့ ပြောလို့ရပါတယ်ဆရာ။

ဆလိုင်းအိုက်ဇက်ခင်

စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး၊ ချင်းပြည်နယ်။

ဆိုတော့ အခု ကျွန်တော်တို့ ဆွေးနွေးချက်ထဲမှာ တော်တော်များများ ကျွန်တော်တို့ အစိုးရအဖွဲ့အတွက်လည်း အကြံပြုချက်ကောင်းတွေ ရပါတယ်။ ဆိုတော့ သုံးခုလောက်တော့ ကျွန်တော် ပြောချင်ပါတယ်။

တစ်ခုကတော့ ဘာလဲဆိုတော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကြီးကိုပဲ မမျှော်လင့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူ ၇ ယောက် ၈ ယောက်က အတတ်နိုင်ဆုံး လုပ်နေပါတယ်။ ရှေ့တန်း နောက်တန်း အလယ်တန်း၊ ကိုယ့်ဌာနနဲ့ကိုယ် ကြီးကြပ် ကွပ်ကဲရတယ် အလုပ်တွေကိုလည်း ကြီးကြပ်ရတယ်။ ရှေ့တိုင်းအောင်ကလည်း ကျွန်တော်တို့ တစ်ဖက်မှာလည်း မြို့နယ် ၉ မြို့နယ် အင်မတန် သွားရေးလာရေးခက်တဲ့ မြို့တွေကိုလည်း ပုံမှန်ရောက်နေအောင် ကြိုးစားရတယ်။ ဆိုတော့ ကျွန်တော်တို့ဆိုရင် မြို့တိုင်းကို အနည်းဆုံး နှစ်ကြိမ် သုံးကြီမ် အနည်းဆုံး ရောက်နေပါပြီ။ ဒီ ၆ လအတွင်းမှာပါ။ ဆိုတော့ ဒါတော့ အပေါ်မှာ ဘာလုပ်နေသလဲ ဘာဖြစ်နေသလဲ ဆိုတာကိုလည်း အမြဲတမ်း ပုံမှန် ကျွန်တော်တို့မှာ သတင်းစာတွေ သတင်းတွေကို အားကိုးလို့မရတဲ့အတွက်ကြောင့် ကျွန်တော်တို့ ကိုယ်တိုင်ရှင်းပြပြီးတော့ နားထောင်ရတဲ့ကိစ္စက လုပ်နေရပါတယ်။ ဆိုတော့ တစ်ချက်က အစိုးရချည်းပဲ အားမကိုးပါနဲ့၊ လွှတ်တော်ချည်းကိုပဲ အားမကိုးပါနဲ့။ အားလုံး ဝိုင်းလုပ်နေပါတယ်။ လက်ရှိအနေအထားမှာ အခြားပြည်နယ်နဲ့ တိုင်းတွေရဲ့ အနေအထားကို ကျွန်တော်တို့ မပြောတတ်ဘူး။ ချင်ပြည်နယ်နဲ့က လမ်းကြောင်းမှန်ကို သွားနိုင်ဖို့ အင်မတန်မှ မျှော်လင့်နေတဲ့အတွက်ကြောင့် လုပ်စေချင်ပါတယ်။ ဒါက ပထမအချက်ပါ။

ဒုတိယအချက်ကတော့ မီဒီယာ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ချင်းပြည်နယ်သတင်း အပြင်ရောက်ဖို့ လိုအပ်သလို အပြင်သတင်းလည်း ချင်းပြည်နယ်ထဲကို ရောက်ဖို့ လိုအပ်ပါတယ်။ ချင်းပြည်နယ်ရဲ့ network က ကျွန်တော် တစ်ကြိမ် နှစ်ကြိမ် တွေ့ပြီးပါပြီ။ ဆိုတော့ မီဒီယာက ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံ သတင်းပေးနိုင်ဖို့ များများလိုပါတယ်။ များသောအားဖြင့် Local မီဒီယာပဲ များတယ်။  Local မီဒီယာရတဲ့အခါမှာ ပိုပြီးတော့မှ Local understanding, Local Level နားလည်မှုပဲရှိတယ်။ နောက်တစ်ခါကျတော့ ချင်းပြည်နယ်တစ်ခုလုံး ထည့်စဉ်းစားနိုင်တဲ့ အနေအထားမျိုးဖြစ်ဖို့ ကျွန်တော်တို့ လိုပါတယ်။ အဲတော့ အစိုးရနဲ့ လူထုကြားထဲမှာ မီဒီယာသည် ပေါင်းကူးဆက်ဆံဖို့ လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ မီဒီယာကို အားကောင်းစေချင်ပါတယ်။ ဒါက ပထမအချက်ပေါ့။ ဒုတိယအချက်က သိပ်အရေးကြီးတယ်။ အခု ပြည်နယ်အစိုးရ လုပ်နေတာသည် ဘတ်ဂျက် Transpancy ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီနေ့ ချင်းအစိုးရ news ထဲမှာလည်း ပါပါပြီ။ အခု ကျွန်တော်တို့ ၁၆၊ ၁၇ ပြင်ဆင်ဘတ်ဂျက်တော့ မရတော့ပါဘူူး။ ဒီကနေ့ ကျွန်တော်တို့ အတည်ပြုလိုက်ပါပြီ။ ဒါပေမယ့် ၁၇၊ ၁၈ ဘတ်ဂျက်ရေးတဲ့အခါကျရင် နတလနဲ့ ကျေးလက်ဘက်က စပြီး အဆိုပြုတယ်။ အဲတော့ သက်ဆိုင်ရာ မြို့သူမြိုသား မည်သူမဆို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာ နယ်မြေတာဝန်ခံ ဝန်ကြီးကနေတစ်ဆင့် မေးမြန်းပြီးတော့မှ သူတို့ သဘောထားပေးလို့ရပါတယ်။ ကျွန်တေ်ာတို့ ချင်းပြည်နယ်လုပ်နေတဲ့ ကိစ္စသည် အရင်အဆက်ဆက်မှာ ဌာနဆိုင်ရာ ပြင်တဲ့ကိစ္စတွေ ဘယ်သူမှ မသိလိုက်ရဘူး။ အခု ကျွန်တော်တို့ ဒါကို တတ်နိုင်သမျှ သူတို့ပါအောင် အနည်းဆုံး ပြည်နယ်လွှတ်တော်ကနေ အတည်မပြုခင် တွေ့ဖူးသွားအောင် မြင်ဖူးသွားအောင်သည် ဆိုတာမျိုး ကျွန်တေ်ာတို့ သွားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရမှာ အကန့်အသက်တွေ အများကြီးရှိပါတယ်။ အချိန် အကန့်အသက်တို့ လုပ်ပုံကိုင်နည်း အကန့်အသက်တို့ လောလောဆယ်အနေနဲ့ ကျွန်တော်တို့ လျှပ်စစ်နဲ့ စည်ပင်ကို စလုပ်နေပါတယ်။ အခု စည်ပင်ဆိုလို့ရှိရင် ၁၆၊ ၁၇ ဘတ်ဂျက်ရှိသမျှ အားလုံးကို သက်ဆိုင်ရာမြို့ မြို့သူမြို့သားတွေကို ရှင်းလင်းတဲ့ဟာတွေ လုပ်နေပါတယ်။ ဘာရှိလဲ လျှပ်စစ်ဘက်ကနေ လုပ်နေတယ်။ ပြီးတော့ ၁၇၊ ၁၈ ဘက်ဂျက်ဆွဲတဲ့အခါကျရင် မြို့သူမြို့သားက ထိုင်ပါ ဘာလုပ်ချင်တယ်ဆိုတာကို ရွေးပါ ဆိုတော့ ကျွန်တော်တို့ ဘတ်ဂျက်ခေါင်းစဉ် ပြောင်းတာတောင်မှ သက်ဆိုင်ရာ မြို့သူမြို့သားတွေ သိမှပဲ ပြောင်းပါဆိုတဲ့စနစ်ကို ကျွန်တော်တို့ သွားနေပါတယ်။

ဆိုတော့ အထူးသဖြင့်က ပြည်နယ်အစိုးရအနေနဲ့ ဘတ်ဂျက် Transpancy ကို သွားနေပါတယ်။ ဌာနအားလုံး ဌာနအကုန်လုံး ၅၀ ၊ ၆၀ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စပြီးတော့ ဌာန ပြည်နယ်အဆင့်အနေနဲ့ ပိုပြီးတော့ ယုံကြည်မှုရှိတဲ့ ဌာနတွေကနေ စပြီးတော့ ဒါကို ချပြ ရှင်းပြနေပါတယ်။ ဒါက ကျွန်တော်တို့ ဒုတိယလုပ်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူထုက သိဖို့လိုပါတယ်။ ဘေးထိုင်ဘုပြောလို့မရဘူး ကျွန်တော်တို့က ဖွင့်ထားပေးတယ်။ အချိန်မရွေး ကြည့်ရှုခွင့် လူထုကို ကြည်ရှုခွင့် ဖွင့်ထားပေးတာဖြစ်ပါတယ်။ ကျန်တာတွေလည်း ရှိပါတယ်။ ဒါ ကျွန်တော်တို့ လုပ်ထားပေးထာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ကျွန်တော်တို့ အဓိကအားဖြင့် ခုနက ဆရာပြောသွားတဲ့ planပေါ့ ဒါကျွန်တော်တို့ အခု ဆွဲနေပါတယ်။ တစ်ခုက ဆွဲနေတာ ဘာဖြစ်လို့ အခုမှဆွဲလည်းဆိုတော့ ဒါက အခုမှ တာဝန်စယူတဲ့အခါမှာ ဝင်လုပ်ရတာဖြစ်ပါတယ်။ အဲ့တော့ အခု ခြောက်လအတွင်းမှာ မဟာဗျူဟာတွေ ထွက်လာပါပြီ။ ထပ်ပြီးတော့ အခု တောက်လျှောက် တိုင်ပင်နေပါတယ်။ အခု ရန်ကုန်ရောက်လာတဲ့အခါမှာလည်း တတ်နိုင်သမျှ တွေ့နေပါတယ်။ ဒီနေရာမှ တစ်ခုတော့ ရှိတာက စည်ပင်ဝန်ကြီးပဲ လက်ရှိဝန်ကြီးပဲ ဒါလုပ်နေတယ်ဆိုတာ မမှတ်စေချင်ပါဘူး။ ကျွန်တော်လုပ်တာသည် အစိုးရအဖွဲ့ တစ်ခုလုံးကိုယ်စား ကိုယ်တာဝန်ယူတာအနေနဲ့ လုပ်ရတာဖြစ်ပါတယ်။ ဆိုလိုတာက အခြားဝန်ကြီးတွေရဲ့ သဘောတူညီချက် သိရှိမှု ထည့်ဝင်မှု ဒါတွေကို လုပ်ရတာဖြစ်ပါတယ်။ လုပ်ရတာကလည်း နဲနဲများတဲ့အတွက်ကြောင့် တွေ့တဲ့ဝန်ကြီးကလိုက်ပြီးတော့ လျှောက်လုပ်နေရတာမဟုတ်ဘူး။ ရန်ကုန်ဆင်းလာတဲ့ ဝန်ကြီးတိုင်း လိုက်လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့မှာ စနစ်တကျ လုပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်တေ်ာတို့ ဒီမနက်မှာ မီတင်တွေ့တယ်။ ချက်ခြင်း ဝန်ကြီးချုပ်ဆီ သတင်းပို့တယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုကို ခံယူတယ်။ ဒီလိုပုံစံနဲ့ သွားတာဖြစ်တယ်။ ဆိုတော့ ဝန်ကြီးချုပ်က တခြားဝန်ကြီးတွေကို တစ်ခါတည်းရှင်းပြတယ်။ အဲဒီပုံစံနဲ့ ကျွန်တော်တို့ သွားတာဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ စက်မှုဝန်ကြီးပဲ လျှပ်စစ်ဝန်ကြီးပဲ သွားနေသလားဆိုတာရှိတယ်။ ဒါကတော့ ကျွန်တော်အနေနဲ့ အဓိက Focus အနေနဲ့ လုပ်ရတဲ့အခါကျတော့ အဲတော့ ကျွန်တော်အနေနဲ့ တတ်နိုင်သမျှ ဒါလုပ်တဲ့အခါမှာ အရေးကြီးဆုံးက ကျွန်တော်တို့အနေနဲ့က အတိုက်အခံဆိုတာကိုက ကျွန်တော်တို့ သဘောမကျဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ချင်းမှာ အတိုက်အခံလုပ်ဖို့ထက် ဝိုင်းပြီးတော့လုပ်ဖို့ပဲ ကျွန်တော်တို့ လိုပါတယ်။ ကျွန်တော်တို့သည် အစိုး၇အာဏာယူဖို့သည် မဟုတ်ပါဘူး။ အလုပ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ဝိုင်းလုပ်ပါမယ်။ ဝိုင်းလာကြပါဆိုတာ ဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ငါးနှစ်မှာ ချင်းပြည်နယ် ထူထူထောင်ထောင် ဖြစ်ဖို့ပါပဲ။ အစောပိုင်း ကျွန်တော်တို့ Frame Work ဖြစ်ပါတယ်။ ဒါက အချိန်တန်ရင်လည်း ပြုစုပျိုးထောင်လုပ်ဖို့ ပြီးသွားတဲ့အချိန်မှာ အကုန်လုံး ပေးသိမှာပါ။ အစိုးရအဖွဲ့ စဉ်းစားသမျှအားလုံး လူထုလက်ထဲကိုရောက်အောင် ကျွန်တော်တို့ လုပ်ပါမယ်။ ဘာဖြစ်လို့လဲဆိုရင် အစိုးရစဉ်းစားတဲ့ကိစ္စက သန့်ရှင်းစင်ကြယ်ပြီးတော့ လူတိုင်း နားလည်သဘောပေါက်ပြီးတော့ ရတဲ့အသိမဟုတ်ဘူး။ ကျွန်တော်တို့နားလည်တာသည် ရိုးရိုးပဲ။ သူတို့တွေးသလို ကျွန်တော်တွေးတယ် ဒါပဲ။ အဲတော့ အစိုးရ ဘယ်လိုတွေးတယ်ဆိုတာကို လူထုသိအောင် လုပ်မယ်။ ရိုးရိုးလေးပဲ။ အခက်အခဲတွေကို လျော့မယ်။ လျော့မယ်ဆိုတာက ဒီအတိုင်းလျော့မှာမဟုတ်ဘူး။ အခက်အခဲလျော့တဲ့အချိန်မှာ အခွင့်အလမ်းကို တစ်ခါတည်း တင်သွားမယ် အဲဒါဖြစ်ပါတယ်။ ဆိုတော့ ဒီနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း သွားတာဖြစ်တဲ့အတွက်ကြောင့် ဒီဟာသည် ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရရဲ့ အင်မတန်မှ ရိုးရှင်းတဲ့ မဟာဗျူဟာပါ။ ဒါတွေသည် ကျွန်တော်တို့ ဝန်ကြီးချုပ်တွေကိုယ်တိုင် ဦးဆောင်ပြီးတော့ သွားပါတယ်။

နောက်ဆုံးပြောမယ်ဆိုရင် ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရသည် အမြင်သည် ချင်းပြည်နယ်သည် နေလို့ပျော်တဲ့နေရာတစ်ခု ဖြစ်ရမယ်။ နိုင်ငံခြားက ချင်းတွေလည်း ပြန်လာချင်တဲ့စိတ် ရှိရမယ်။ ပြည်မက တခြားသူတွေလည်း ချင်းပြည်နယ်ကို လာလည်ချင်အောင် နေချင်ပါတယ်ဆိုတဲ့ ဟာမျိုးဖြစ်အောင် ချင်းပြည်နယ် နေပျော်တဲ့ ပြည်နယ်တစ်ခု အလုပ်လုပ်ပျော်တဲ့ ပြည်နယ်တစ်ခု အရင်းအမြစ်တွေ တကယ်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်အောင် ဒါ ကျွန်တော်တို့ သွားနေတာဖြစ်ပါတယ်။ ဒီငါးနှစ်ပြိးတဲ့နောက်မှာ ချင်းပြည်နယ်သည် နေပျော်တဲ့ ပြည်နယ်တစ်ခု၊ အလုပ်လုပ်လို့ သိပ်ကောင်းတဲ့ ပြည်နယ်တစ်ခု၊ နောက်ပြီးတော့ အရင်းအမြစ်တွေ လုံလုံလောက်လောက်ရှိတဲ့ ပြည်နယ်တစ်ခု ဒါသည် ကျွန်တော်တို့ရဲ့ Vision ဖြစ်ပါတယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အတိုက်အခံ၊ တိုက်ရခိုက်ရမယ်ဆိုတဲ့ဟာ မရှိပါဘူး ဒါပေမယ့် ကျွန်တော်တို့ကို Monitor လုပ်ပါ။ ကျွန်တော်တို့ ဝိုင်းလုပ်ပါမယ်ဆိုတာပဲ ဖိတ်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အပိုင်း(၁) http://www.mizzimaburmese.com/article/19290

အပိုင်း(၂)http://www.mizzimaburmese.com/article/19336

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required