လိင်ကျေးကျွန်အဖြစ် အဓမ္မခိုင်းစေခံရသော အမျိုးသမီးများကို ကူညီပေးသော အဖွဲ့အစည်းသို့ လျို့ဝှက်လှူဒါန်းခဲ့တဲ့ ဆောင်းဂျွန်ကီ

လိင်ကျေးကျွန်အဖြစ် အဓမ္မခိုင်းစေခံရသော အမျိုးသမီးများကို ကူညီပေးသော အဖွဲ့အစည်းသို့ လျို့ဝှက်လှူဒါန်းခဲ့တဲ့ ဆောင်းဂျွန်ကီ

ဆိုးလ် ၊ အောက်တိုဘာ ၂၁ ။                         ။ တောင်ကိုရီးယားမင်းသားချော ဆောင်းဂျွန်ကီသည် ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျေးကျွန်အဖြစ် အဓမ္မစေခိုင်းခံခဲ့ရသော အမျိုးသမီးများကို ကူညီပေးနေသည့်အဖွဲ့သို့ ဝမ်ငွေ သန်း ၂၀  (အမေရိကန်ဒေါ်လာ ၁၇ ၇၀၀ ) လှူဒါန်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ ကျွန်မတို့ ဆောင်းဂျွန်ကီနာမည်နဲ့ လှူဒါန်းတဲ့ အလှူငွေ သန်း ၂၀ ကို လက်ခံရရှိပါတယ်။ ကျွန်မတို့ ဆောင်းဂျွန်ကီရဲ့ အေဂျင်စီကို မေးမြန်းခဲ့ပါတယ်။ အေဂျင်စီက ဆောင်းဂျွန်ကီ လှူဒါန်းတာ မှန်ပါတယ်လို့  ပြောပါတယ်”ဟု လိင်ကျေးကျွန်အဖြစ် အဓမ္မစေခိုင်းခံခဲ့ရသော အမျိုးသမီးများကို ကူညီပေးသည့်  Nnaum House အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“ကျွန်မတို့  ပထမအကြိမ် မေးတုန်းက အေဂျင်စီက သိပုံမရဘူး။ ဆောင်းဂျွန်ကီဟာ တိတ်တဆိတ်လှူဖို့ ကြိုးစားခဲ့တယ်”ဟု ကိုယ်စားလှယ်က ပြောကြားသည်။

ဒုတိယကမ္ဘာစစ်အတွင်း  ဂျပန်စစ်တပ်က လိင်ကျေးကျွန်အဖြစ် အဓမ္မခိုင်းစေခိုင်းခံရသည့် အမျိုးသမီးများသည် ငယ်ရွယ်သော မိန်းကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။

ဆောင်းဂျွန်ကီသည် လက်ရှိအချိန်တွင် “Battleship Island” ဇာတ်ကားကို ဆိုဂျီဆပ် နှင့် ဟောင်ဂျောင်မင်တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။ ဆောင်းဂျွန်ကီသည်  ကိုရီးယားကျွန်းဆွယ်ကို ဂျပန်နိုင်ငံက သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ကျွန်းဆွယ်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံခဲ့ရသည့် ကိုရီးယားလူမျိုးများကို ကယ်ဆယ်ရန်  Hashima ကျွန်းသို့ ခိုးဝင်လာသည့် လွတ်လပ်ရေး အဖွဲ့ဝင်တစ်ဦး အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly