တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ထိပ်ပိုင်းနေရာများ ပြန်လည်ရွေးချယ်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ထိပ်ပိုင်းနေရာများ ပြန်လည်ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။                  ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များနေရာ ပြန်လည်ရွေးချယ်ခြင်းကို အောက်တိုဘာ ၂၁ ရက်နေ့က ဗဟန်းမြို့နယ်ရှိ ပါတီဗဟိုကော်မတီ ဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ရွေးချယ်ပွဲတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးသန်းတင်က ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ဒုဥက္ကဋ္ဌအဖြစ် ဦးဟန်ရွှေ ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး   နှစ်ဦးအဖြစ် ဦးထွန်းရီနှင့် ဦးနေဝင်း တို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

ပါတီ ဗဟိုကော်မတီဝင်များထဲမှ ဗဟိုအလုပ်အမှုဆောင်အဖြစ် ၃၀ ဦး ရွေးချယ်ခဲ့ပြီး ယင်းသို့ ရွေးချယ်ထားသည့်အထဲမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး   နှစ်ဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အနေအထားဖြင့် ပါတီဝင်အင်အားမှာ ၅ သိန်းခန့်ပြီး ၃ဝ၇ မြို့ နယ် တွင်သာ ပါတီဖွဲ့ စည်းနိုင် တော့မည် ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် တင်သွင်းသည့် ဗဟိုအလုပ်အမှုဆောင် အစီရင်ခံစာမှ သိရှိရသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဖွဲ့စည်းမှု အားအကောင်းဆုံး ပြည်နယ် ၊တိုင်းများမှာ ကချင်နှင့် မွန်ပြည်နယ်တွင် ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင့်အတင့်သာ ရှိကြောင်းနှင့် ပါတီပြန်လည် ဖွဲ့စည်းမှုတွင် အမျိုးသမီးများနှင့် လူငယ်များကို အဓိက ပါဝင်လာနိုင်အောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required