ကျောက်ဖြူမြို့နယ်အတွင်း ဝမ်းရောဂါဖြစ်ပွားမှုအား ကာကွယ်တားဆီးနိုင်ခဲ့

ကျောက်ဖြူမြို့နယ်အတွင်း ဝမ်းရောဂါဖြစ်ပွားမှုအား ကာကွယ်တားဆီးနိုင်ခဲ့

ကျောက်ဖြူ၊ အောက်တိုဘာ ၂၁ ရက် ။             ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာတွင် အလှူလုပ်ရာ၌ အစားအသောက် မသန့်ရှင်းမှုကြောင့် လူ (၇၀) ခန့်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးမှုအချို့ရှိခဲ့သည်။

အလှူတွင် မုန့်တီစားရာမှ အစာ မသန့်ရှင်းမှုကြောင့် အပြင်းအထန် ဝေဒနာ ခံစားနေရသူ ၈ ဦးကို ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ထားရပြီး အသက် ၇၃ နှစ်အရွယ် အမျိုးသမီး (၁) ဦး သေဆုံးကာ လူ (၇၀) ဦးထိ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့ရကြောင်း ကျောက်ဖြူမြို့နယ် ကျန်းမာရေးမှူး အဆင့် ၁ ဦးစောသန်းအောင်က ပြောသည်။

“အလှူလုပ်တဲ့နေ့က မုန့်တီစားလို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ သိရတာနဲ့ ချက်ချင်းလိုက်သွားပြီး ဆေးကုသမှုတွေ လုပ်ပေးခဲ့တာပါ။ အခုတော့ အားလုံးစိတ်ချရတဲ့ အနေအထား ရှိသွားပါပြီ။ ဆေးကုသမှုသာ နောက်ကျခဲ့မယ်ဆိုရင်တော့ တစ်ရွာလုံး ကူးစက်ပျံ့နှံ့သွားနိုင်တဲ့ အနေအထားရှိပါတယ်။”

ယခုအခါ ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချူပ်နိုင်ခဲ့ပြီး ဝေဒနာခံစားရသူများမှ သက်သာလာပြီ ဖြစ်ကာ စိုးရိမ်ရသည့် အနေအနထားတွင် မရှိတော့ကြောင်း ကျောက်ဖြူမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required