ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပါက ရလဒ်ကို လက်ခံမည်လားဆိုသည်ကို ဖြေကြားရန် ဒေါ်နယ်ထရန့် ငြင်းဆန်သွား

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပါက ရလဒ်ကို လက်ခံမည်လားဆိုသည်ကို ဖြေကြားရန် ဒေါ်နယ်ထရန့် ငြင်းဆန်သွား

အောက်တိုဘာ ၂၀ ။          ။ လာမည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် အကယ်၍ အရှုံးရလဒ်သာ ထွက်ပေါ်လာခဲ့ပါက ယင်းကို လက်ခံမည်လား ဆိုသည့်မေးခွန်းကို ဖြေကြားလိုခြင်း မရှိသေးကြောင်း  ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ပြောဆိုသွားသည်။

အလားတူ မိမိအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ထားခဲ့သည်ဆိုသော စွပ်စွဲပြောကြားမှုများ၏ နောက်ကွယ်တွင် ပြိုင်ဘက် ဟီလာရီ ကလင်တန် ခြယ်လှယ်လုပ်ဆောင်ခဲ့သည်ဟု ဒေါ်နယ်ထရန့်က စွပ်စွဲပြောကြားသွားခဲ့သည်။

လက်စ်ဗီးဂက်စ်တွင် ကျင်းပသည့် အမေရိကန်သမ္မတလောင်းနှစ်ဦး၏ နောက်ဆုံးအကြိမ်မြောက် စကားစစ်ထိုးပွဲ၌ အဆိုပါ စွပ်စွဲပြောကြားချက်များမှာ အခြေအမြစ်မရှိလှကြောင်းနှင့် ဟီလာရီမှာ မဲဆွယ်စည်းရုံးရေးကာလအတွင်း မိမိအပေါ် စွပ်စွဲချက်များထွက်ပေါ်လာစေရန် ခြယ်လှယ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ထရန့်က ပြောကြားသွားသည်။

" ဒီအကြောင်းတွေက အလိမ်အညာတွေချည်းပါပဲ၊ ဒါ့အတွက်နဲ့တော့ ကျွန်တော့်ဇနီးကိုလည်း မတောင်းပန်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်မှ ဘာမှမလုပ်ခဲ့တာပဲ" ဟု ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရန့်က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required