မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှု မအောင်မြင်ခဲ့ဟု တောင်ကိုရီးယားပြော

မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်မှု မအောင်မြင်ခဲ့ဟု တောင်ကိုရီးယားပြော

အောက်တိုဘာ ၂၀ ။              ။ တာလတ်ပစ် ဒုံးကျည်စမ်းသပ်မှု တစ်ခုကို မြောက်ကိုရီးယားတို့ ထပ်မံလုပ်ဆောင်ခဲ့ပြန်သော်လည်း မအောင်မြင်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်က ပြောကြားလိုက်သည်။

ယခု ဒုံးကျည်စမ်းသပ်မှုသည် ပြုံယမ်းအစိုးရ၏ တစ်ပတ်အတွင်း ဒုတိယမြောက်စမ်းသပ်မှုလည်း ဖြစ်လာခဲ့ပြီး မကြာသေးမီက မူဆူဒန်ဒုံး အမျိုးအစားတစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယင်းဒုံးမှာ ခန့်မှန်းခြေ အကွာအဝေး ကီလိုမီတာ ၄,၀၀၀ (မိုင် ၂,၅၀၀) နှုန်း ရှိသည်ဟု သိရသည်။

အဆိုပါ ဒုံးကျည်အမျိုးအစားမှာ ဂူအမ်ရှိ အမေရိကန် စစ်စခန်းများဆီသို့ပင် ရောက်ရှိ ထိမှန်နိုင်စွမ်းရှိမည်ဟု ပြောထားသည်။

မြောက်ကိုရီးယားတို့အနေဖြင့် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု ရှစ်ကြိမ်အထိ ပြုလုပ်ထားခဲ့ပြီး တစ်ကြိမ်သာ အောင်မြင်ထားခဲ့သည်။

ယခုကဲ့သို့ ဒုံးကျည်ထပ်မံ ပစ်လွှတ်ခဲ့မှုအပေါ် အမေရိကန်က ပြင်းထန်စွာ ပြစ်တင်ရှုံ့ချသွားခဲ့ပြီး နောက်ထပ် ရန်စသည့် လုပ်ရပ်တစ်ခုဟု ပြောကြားလိုက်သည်။

ပြုံးယမ်းအစိုးရ အနေဖြင့် ယခုစမ်းသပ်မှု မတိုင်ခင် မကြာသေးမီက ဒုံးကျည် စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ရာတွင်လည်း ယင်းအပေါ် ကုလသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ပြစ်တင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly