တက္ကသိုလ်ကျောင်းသာများအတွက် ရဲတံခွန် လူငယ်အစီအစဉ် ထားဝယ်တွင် ကျင်းပ

တက္ကသိုလ်ကျောင်းသာများအတွက် ရဲတံခွန် လူငယ်အစီအစဉ် ထားဝယ်တွင် ကျင်းပ

ရန်ကုန်၊အောက်တိုဘာ၁၉ ။            ။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် Project များပြုလုပ် ယှဉ်ပြိုင်ပြီး ဆုငွေနှင့် မလေးရှားနိုင်ငံအခမဲ့ ခရီး စဉ်သွားနိုင်မည့် ရဲတံခွန်လူငယ်အစီအစဉ်နှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ရဲတံခွန် Roadshow ပွဲ အခမ်းအနား ကို အောက်တိုဘာလ ၁၈ ရက်တွင် ထားဝယ်တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ရဲတံခွန် လူငယ်အစီအစဉ်တွင် ပါဝင်နိုင်ရန် အသက် ၁၆ နှစ်မှ ၂၃ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့တွင် အ နည်းဆုံး ၂ ဦးမှ အများဆုံး ၄ ဦးအထိ ပါဝင်နိုင်မည် ဖြစ်သည်။

လူမှုအဖွဲ့အစည်းကို အကျိုပြုပြီး အပြုသဘော သက်ရောက်မှုရှိသော ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဘ၀ စွန့်ဦး တီထွင်မှု၊   ဒေသဖွံဖြိုးရေးများထဲမှ   ခေါင်းစဉ်တစ်ခုကို ရွေးချယ်ယှဉ် ပြိုင်ရမည်ဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမည် ဖြစ်သည်။

ရဲတံခွန်လူငယ်အစီအစဉ်၏ အရည်ချင်းစစ် အဆင့် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင်လည်းကောင်း၊ ဒေသ ဆိုင်ရာအဆင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၂၆ တွင်လည်း ကောင်း ၊နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ၁၇ တွင် ရန်ကုန် တိုင်းဒေသကြီး၌ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးအနိုင်ရရှိသောအသင်းကို Project ဆက်လက်လုပ်ဆောင်နိုင်ရန် ရန်ပုံငွေအဖြစ် ဒေါ်လာ ၂၅၀၀ နှင့် မလေး ရှားနိုင်ငံ၊ ကွာလာလမ်ပူခရီးစဉ်ကို ဆုအဖြစ်ချီးမြှင့်သွားမည် ဖြစ်သည်။

ထို့အပြင် Final Round (နောက်ဆုံးအဆင့်) တွင် ကျန်ရှိသောအသင်း ၃ သင်း ကို အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ဒေါ်လာ ၂၅၀စီ ချီးမြှင့်သွားမည် ဖြစ်သည်။

ရဲတံခွန် လူငယ်အစီအစဉ်၏ Roadshows များကို ရန်ကုန်မြို့နှင့် ထားဝယ်မြို့များတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ ဝင် များအတွက် လိုအပ်သော အကြံဉာဏ်များကို ရဲတံခွန်လူငယ် အစီအစဉ်မှ ကျွမ်းကျင်သောအကြံပေး ပုဂ္ဂိုလ်များက ပံ့ပိုး ကူညီပေးမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ဦးကျော်ကျော်လှိုင် (Smart Group)၊ ဦးလင်းသိုက်ညွန့်(မြန်မာ့မြေ)၊ ဒေါက်တာ တင်အောင်ဆွေ နှင့် PCML Leadership Team မှ Dr. Edward Zan တို့မှ အကဲဖြတ်ဒိုင်များအဖြစ် ပါဝင်ကြမှာဖြစ်ပြီး ပွဲစဉ်တစ်ခု ချင်းစီ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့များ၏ စဉ်းစားတွေးခေါ်မှုစွမ်းရည် ၊ ခေါင်းဆောင်မှုစွမ်းရည် ၊လုပ်ငန်းစီမံ ခန့်ခွဲမှု စွမ်းရည်နှင့် ဖန်တီးနိုင်စွမ်းတို့အပေါ်မူတည်ကာ အကဲဖြတ်အမှတ်ပေးမည် ဖြစ်သည်။

ရဲတံခွန် CSR အစီအစဉ်သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများအနက် လက်ရှိတွင် ပညာရေးကဏ္ဍကို အဓိက ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required