“Jack Reacher: Never Go Back” နောက်ဆက်တွဲ ဇာတ်ကားတွင် အမေရိကန် စစ်တပ်အရာရှိဟောင်း အဖြစ် သရုပ်ဆောင်သွားမယ့် တွမ်ခရုစ်

“Jack Reacher: Never Go Back” နောက်ဆက်တွဲ ဇာတ်ကားတွင် အမေရိကန် စစ်တပ်အရာရှိဟောင်း အဖြစ် သရုပ်ဆောင်သွားမယ့် တွမ်ခရုစ်

နယူးယော့ခ် ၊ အောက်တိုဘာ ၁၈ ။                  ။ ဟောလိဝုဒ် မင်းသားကြီး တွမ်ခရုစ်သည် စာရေးဆရာ လီချိုင်းဒ်၏ စာအုပ်ကို အခြေခံထားသော “Jacke Reacher: Never Go Back” နောက်ဆက်တွဲ ဇာတ်ကားတွင် အမေရိကန် စစ်တပ်အရာရှိဟောင်း ဂျက်ခ်ရစ်ချာအဖြစ် သရုပ်ဆောင် သွားမည်ဖြစ်သည်။

ယခုဇာတ်ကားတွင် ရစ်ချာသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်မှူး ဆူဆန်တာနာ ဦးဆောင်သော လျု့ိဝှက်ပူးပေါင်း ကြံစည်မှုကို  ဖော်ထုတ်သွားမည်ဖြစ်ပြီး ရစ်ချာသည် ၎င်း၏ ဘဝတွင် စွန်းထင်းနေသော အမည်းစက်ကို ဖျက်ဖို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

“ ဒီဇာတ်ကောင် စရိုက်ဟာ ရယ်ရွှင်ဖွယ်တွေ ပါဝင်တဲ့အပြင် တစ်မူထူးခြားတဲ့ လူမဆန်မှု အကြောင်းကိုလည်း ဖော်ကြူးထားပါတယ်”ဟု တွမ်ခရုစ်က နယူးအော်လန်တွင် ပြုလုပ်သော “Jacke Reacher: Never Go Back” ဇာတ်ကား ပွဲဦးထွက် ပြသပွဲတွင် ပြောကြားခဲ့သည်။

“Jacke Reacher: Never Go Back” ဇာတ်ကားကို ဒါရိုက်တာ အက်ဝပ်ဒ်ဇာဝစ်ခ်က ရိုက်ကူးထားကြောင်း နှင့် အက်ဝပ်ဒ်ဇာဝစ်ခ်သည် ၂၀၀၃ ခုနှစ် “The Last Samurai” ရုပ်ရှင်တွင် တွမ်ခရုစ်နှင့်အတူ ရိုက်ကူးခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။

“Jacke Reacher: Never Go Back” ဇာတ်ကားကို အောက်တိုဘာ ၂၁ ရက်တွင် ရုပ်ရုင်ရုံများ၌ ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags