ဘန်ကောက်ရှိ စတိုးဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် အနက်ရောင်အဝတ်အစားများ ဖုံးလွှမ်း

ဘန်ကောက်ရှိ စတိုးဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် အနက်ရောင်အဝတ်အစားများ ဖုံးလွှမ်း
ဘုရင်ဘူမိဘောကံကုန်ပြီးနောက် အာဏာပိုင်များက ကြေညာထားသည့် တစ်နှစ်တာပူဆွေးမှုအထိမ်းအမှတ်အတွက် ဘန်ကောက်ရှိ ဆိုင်တန်းများ ပြင်ဆင်လျက်ရှိနေသည်။ ဓာတ်ပုံ-အီးပီအေ

ဘန်ကောက်၊ အောက်တိုဘာ ၁၇  ။               ။ ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ် ဘူမိဘော အောက်တိုဘာ ၁၃ ရက် နတ်ရွာစံ ကံတော်ကုန်ခဲ့ပြီးနောက် ပူဆွေးဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်နှစ်တာကာလအတွက် ပြင်ဆင်နေကြရာ ဘန်ကောက်တစ်ခွင်ရှိ လက်လီစတိုးဆိုင်များနှင့် လမ်းဘေးဆိုင်များတွင် အနက်ရောင်အဝတ်အစားများ အများအပြားတင်ထားရောင်းချလျက်ရှိလာသည်။

အိမ်ရှေ့စံဖြစ်သူ ဝါဇီရာလောင်ကွန်းက ပူဆွေးဝမ်းနည်းခြင်း ရက်ပေါင်း ၃၆၅ ရက်ကုန်လွန်ချိန်မှ နန်းတက်ပွဲအား ကျင်းပမည်ဟု တောင်းဆိုထားပြီး ယင်းကာလအတွင်း အစိုးရဝန်ထမ်းများအနေဖြင့် အနက်ရောင်များ ဝတ်ဆင်ရန် တိုက်တွန်းထားသည်။ တစ်ချိန်တည်းတွင် ဖျော်ဖြေပွဲများကိုလည်း အနည်းဆုံးတစ်လ ပိတ်ထားပြီး ပွဲလမ်းသဘင်များကိုလည်း ဖျက်သိမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required