အဂူရိုအား ပင်နယ်တီ ကန်သွင်းခွင့် ရုတ်သိမ်းမည် မဟုတ်ဟု ဂွါဒီယိုလာပြော

အဂူရိုအား ပင်နယ်တီ ကန်သွင်းခွင့် ရုတ်သိမ်းမည် မဟုတ်ဟု ဂွါဒီယိုလာပြော

အောက်တိုဘာ ၁၇၊ စပိန် ။          ။ အဲဗာတန်အသင်းနှင့် မန်စီးတီးအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့ရသည့် တိုက်စစ်မှူးအဂူရိုကို ပင်နယ်တီ ကန်သွင်းခွင့် ရုတ်သိမ်းမည်မဟုတ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးအသင်းသည် ပင်နယ်တီကန်ခွင့် နှစ်ကြိမ်ရရှိခဲ့ပြီး ဒီဘရိုင်းနှင့် အဂူရိုတို့ ကန်သွင်းခဲ့ကြရာ နှစ်ဦးစလုံး ဝင်အောင်ကန်သွင်းနိုင်ခြင်း မရှိခဲ့ကြပေ။

အဂူရိုသည် ပါရာဂွေးနှင့်အာဂျင်တီးနားတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပင်နယ်တီလွဲချော်ခဲ့သလို ပြီးခဲ့သည့် သြဂုတ်လက ကစားခဲ့သည့် စတူအာဘူခါရက်နှင့် မန်စီးတီးတို့၏ ပွဲစဉ်တွင်လည်း ပင်နယ်တီ နှစ်ကြိမ် လွဲချော်ခဲ့သူ ဖြစ်သည်။

အဲဗာတန်နှင့် ပွဲတွင် ဒီဘရိုင်း ပင်နယ်တီ လွဲခဲ့ပြီးနောက် အဂူရိုက ပင်နယ်တီကန်ရန် တာဝန်ယူခဲ့သည်ဟု ဂွါဒီယိုလာက ယုံကြည်နေသည်။ ထို့ကြောင့် ဂွါဒီယိုလာက ‘ပုဂ္ဂိုလ်ရေးအရ ပင်နယ်တီကန်ဖို့ တာဝန်ယူကြတဲ့ ကစားသမားတွေကို ကျွန်တော် ချစ်ပါတယ်။ ကစားသမားတစ်ယောက်ကို ပင်နယ်တီ မကန်နဲ့တော့ တစ်ခြားတစ်ယောက်ကန်လိမ့်မယ်ဆိုပြီး ကျွန်တော် ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ပင်နယ်တီကန်ဖို့ ယုံကြည်ချက် မရှိတော့ဘူးဆိုရင် အလိုလို နားလည်ပြီး တစ်ခြားတစ်ယောက်ကို ပေးကန်ပါလိ့မ်မယ်’ ဟု ဂွါဒီယိုလာက ပြောခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required