ရှင်းလင်းချက်

16 July 2015
ရှင်းလင်းချက်

မဇ္ဈိမ ဒီဂျစ်တယ်သတင်းစာတွင် ၂၀၁၅ ခုနှစ် ဇွန်၂၇ ရက်နေ့က ဖေါ်ပြခဲ့သော ဆောင်းပါးရှင် စည်သူအောင်မြင့်၏ “နောက်ထပ် တရားစွဲခံရပြန်တဲ့ စည်သူအောင်မြင့်” ခေါင်းစဉ်တပ် ရေးသား ထားသည့် ဆောင်းပါးတွင် ဒေါက်တာ သန်းထွဋ်အောင်စီအီးအို အဖြစ် ဆောင်ရွက်သည့် အလဲဗင်း မီဒီယာက ဆောင်းပါးရှင် စည်သူအောင်မြင့်အား တရားစွဲသည် ဟုရေးသားဖေါ်ပြထားချက် များမှာ၊ ဒေါက်တာ သန်းထွဋ်အောင် ကိုယ်တိုင်အမည်ဖြင့် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း မဟုတ်သော်လည်း၊ ဒေါက်တာ သန်းထွဋ်အောင်သည် အလဲဗင်းမီဒီယာ၏ စီအီးအိုအဖြစ် တာဝန်အရှိဆုံး လူဖြစ်သည်ဟု ဆောင်းပါးရှင်က ယူဆပြီး အလဲဗင်း မီဒီယာနှင့် ဒေါက်တာသန်းထွဋ်အောင် အမည်ကို ဆောင်းပါးတွင် အတူတကွ သုံးစွဲခဲ့သည်ဟု မဇ္ဈိမက နားလည်ပါသည်။ သို့ဖြစ်၍လည်း ဒေါက်တာ သန်းထွဋ်အောင် (အလဲဗင်း မီဒီယာ) ဟု ဆောင်းပါးတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဆောင်းပါးရှင် စည်သူအောင်မြင့်အား ဆောင်းပါးတွင် ဖေါ်ပြသည့် အမှုများတွင် တရားရုံးများ၌ ဒေါက်တာသန်းထွဋ်အောင် အမည်ဖြင့်  တရားစွဲဆိုခဲ့ခြင်း မဟုတ်ပါ။ အလဲဗင်း မီဒီယာမှ သက်ဆိုင်ရာပုဂ္ဂိုလ်များက ယင်းတို့၏ အမည်များဖြင့် တရားစွဲခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းအပ်ပါသည်။ ဒေါက်တာ သန်းထွဋ်အောင် အနေဖြင့် လည်း ကောင်း Eleven Media Group အနေဖြင့် လည်းကောင်း ထိုဆောင်းပါးပါ အချက်အလက်များနှင့် ကွဲလွဲသည့် အမြင်များ၊ အချက်အလက်များရှိပြီး တုန့်ပြန်ရေးသားပေးပို့ပါက မဇ္ဈိမတွင် ဝမ်းမြောက်စွာ ပြန်လည်ဖေါ်ပြမည် ဖြစ်ပါသည်။

(မဇ္ဈိမဒီဂျစ်တယ်သတင်းစာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags