Galaxy Note 7 ပိတ်သိမ်းလိုက်တာကြောင့် ဒေါ်လာ ၃.၁ ဘီလီယံ အရှုံးပေါ်မယ်လို့ ဆမ်ဆောင်း ခန့်မှန်း

Galaxy Note 7 ပိတ်သိမ်းလိုက်တာကြောင့် ဒေါ်လာ ၃.၁ ဘီလီယံ အရှုံးပေါ်မယ်လို့ ဆမ်ဆောင်း ခန့်မှန်း
(ဓာတ်ပုံ - အီးပီအေ)

Galaxy Note 7 ပြန်လည်ရုတ်သိမ်းလိုက်တာကြောင့် နောက်(၆)လကျော်မှာ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်း ဝမ် ၃.၅ ထရီလီယံ (ဒေါ်လာ၃.၁ ဘီလီယံ) ခန့် ဆုံးရှုံးလိမ့်မယ်လို့ ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

Galaxy Note 7 ရပ်ဆိုင်းလိုက်တဲ့ သက်ရောက်မှုအနေနဲ့ ရောင်းအားဟာ ယခုနှစ် စတုတ္ထသုံးလ အောက်တိုဘာမှ ဒီဇင်ဘာလမှာ ဝမ် ၂.၅ ထရီလီယံ (ဒေါ်လ ၂.၂ ဘီလီယံ)နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ဝမ် ၁ ထရီလီယံ (ဒေါ်လာ ၈၈၀ သန်း) ဝန်းကျင် ရပ်တန့် သွားလိမ့်မယ်လို့ ဆမ်ဆောင်းက သောကြာနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဆမ်ဆောင်းက ထိခိုက်မှုတွေရှိနေတဲ့ ဖုန်း ၂.၅ မီလီယံခန့်ကို ပြန်လည်သိမ်းဆည်းပြီး နောက်ထပ် အသစ်သုတ် Galaxy Note 7 နဲ့ ၎င်းကို အစားထိုးပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဘက်ထရီအပူလွန်ကဲမှုတွေ ဆက်ရှိနေတာကြောင့် နောက်ဆုံးမှာ ရောင်းချမှုတွေကို ပိတ်သိမ်းခဲ့ပြီး ဖုန်းတွေကို ထပ်မံ ထုတ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ဆမ်ဆောင်းက ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ရောင်းအား ၂၂.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Apple က ၁၅.၉ ရာခိုင်နှုန်းနဲ့ နောက်မှ လိုက်နေကြောင်း ဈေးကွက်သုတေသနကုမ္ပဏီ Gartner အရ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly