၂၀၁၅-၁၆ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံးကစားမားဆုအား စီရော်နယ်လ်ဒို လက်ခံရရှိ

၂၀၁၅-၁၆ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံးကစားမားဆုအား စီရော်နယ်လ်ဒို လက်ခံရရှိ

၂၀၁၅-၁၆ ချန်ပီယံလိဂ် ဘောလုံးရာသီရဲ့ အကောင်းဆုံးကစားမားဆုကို ကြာသပတေးနေ့က ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း (၁၆) ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူသူနှင့် ဗိုလ်လုပွဲမှာ အဆုံးအဖြတ် ပင်နယ်တင် ကန်သွင်းယူခဲ့သူ ရော်နယ်လ်ဒိုဟာ Marca နဲ့ Gazzetta dello Sport သတင်းစာတွေရဲ့ စာဖတ်ပရိသတ်တွေရဲ့ မဲအများဆုံး ရရှိခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ပွဲ အခမ်းအနားပွဲမှာ ရော်နယ်လ်ဒိုက "ကျနော် အခုလို အရေအတွက် ကိန်းဂဏန်းတွေကို ရောက်ရှိမယ်လို့ ဘယ်တော့မှ မျှော်မှန်း မထားပါဘူး။ ရီးယဲလ်မက်ဒရစ်ဟာ ကမ္ဘာမှာ အကြီးဆုံးကလပ်အသင်းဖြစ်တယ်ဆိုတာ ကျနော် သိနေပါတယ်။ ဒါပေမယ့် ရာအူးနဲ့ ဒီစတီဖာနိုတို့ရဲ့ စံချိန် ကိန်းဂဏန်းတွေကို ချိုးဖျက်နိုင်မယ်လို့ မမျှော်လင့်ခဲ့ဖူးပါဘူး။"လို့ ပြောပါတယ်။

"ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းမှာ သမိုင်းသစ်တွေ ကျနော် ရေးထိုးနိုင်ဖို့ ကြိုးစားသွားမှာပါ"လို့ သူက ဆိုပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဒီနှစ်ချန်ပီယံလိဂ်မှာ ဒေါ့မွန်နှင့် စပို့တင်းအသင်းတို့နဲ့ ပွဲစဉ် နှစ်ပွဲမှာ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

Source: Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required